Powered by Blog - Widget

Wednesday, May 28, 2014

လှုပ်ရှားမှုများဖြင့် စမတ်နာရီကို ထိန်းချုပ်နိုင်ရန် သုတေသီများ လုပ်ဆောင်နေ



Aung Ko Htet (MM IT Knowledge)



Carnegie Mellon တက္ကသိုလ်မှ သုတေသီများသည် touchscreen မပါဝင်ဘဲ လှုပ်ရှားမှုများအတွက် လက်ဖြင့် လှည့်ခြင်းနှင့် စောင်းခြင်းတို့ကို ပြုလုပ်ရန် စမတ်နာရီပုံစံငယ် အသစ်တစ်မျိုးကို စမ်းသပ်လုပ်ကိုင်နေကြောင်း သိရသည်။



စမတ်နာရီများသည် သာမန်ဆက်သွယ်ရေးဖန်တီးမှုနှင့် သတင်းအချက်အလက်များ ရယူရာတွင် သက်သောင့်သက်သာဖြစ်စေမည့်အရာများဖြစ်ကြောင်း အထက်ပါစီမံကိန်းတွင် လုပ်ကိုင်နေသူ HumanComputer ဆက်သွယ်ရေးလက်ထောက်ပရော်ဖက်ဆာ Chris Harrison က ပြောကြားခဲ့သည်။ စမတ်နာရီများကို လက်တွင် ဝတ်ဆင်ထားသည့်အခါတွင် ၎င်းတို့သည် သေးငယ်ပြီး ထင်ရှားမှုမရှိသောကြောင့် အသုံးပြုရာတွင် အကန့်အသတ်များရှိသည်။ အဓိကပြဿ     နာမှာ စမတ်နာရီများတွင် touchscreen ထည့်သွင်းထားခြင်းသည် ပြဿ     နာတစ်ခုဖြစ်ပြီး display မှာသေးငယ်ပြီး လက်ချောင်းများမှာ ကြီးမားလျက်ရှိသည်။



အဆိုပါပြဿ     နာအတွက် အဖြေသည် နာရီကိုစက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအဖြစ် ထိန်းချုပ်ခြင်းဖြစ်ကာ အမျိုးမျိုးလှည့်၍ အသုံးပြုနိုင်သည့် bezel ဖြင့် လှည့်ခြင်း၊ စောင်းခြင်း၊ နှိပ်ခြင်း၊ ဆွဲခြင်းတို့ ပြုလုပ်ထိန်းချုပ်နိုင်
သည်။ လှုပ်ရှားမှုများအားလုံးကို လက်ချောင်းနှင့်လက်မ အသုံးပြု၍ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

-စိုးထက်

Ref: CNET

0 comments:

Post a Comment