Powered by Blog - Widget

Wednesday, May 21, 2014

Microsoft က (၁၂) လက်မအရွယ် Surface Pro 3 Tablet ကို ကြေညာ



Aung Ko Htet (MM IT Knowledge)


Microsoft က နယူးယောက်မြို့တွင် တတိယမျိုးဆက် Surface Pro 3 Tablet ကို ကြေညာလိုက်ပါသည်။ ယခင်မျိုးဆက်ထက် မျက်နှာပြင် ကြီးမားလာသော်လည်း MacBook Air ထက် အလေးချိန် လျော့နည်းပါသည်။ Surface Pro 3 သည် Surface Pro 2 ထုတ်လုပ်ပြီး တစ်နှစ်မတိုင်မီတွင် ကြေညာလိုက်ခြင်း ဖြစ်ပါသည်။ Surface Pro 2 သည် စွမ်းဆောင်ရည်မြင့်သည့် PC တစ်လုံး နှင့် ဆင်တူသဖြင့် ဝေဖန်သုံးသပ်သူများက နှစ်သက်ကြသော်လည်း ဈေးကွက်ထဲတွင် လူများ၏ အာရုံစိုက်မှု ရရှိရန် ရုန်းကန်ခဲ့ရပါသည်။

Surface Pro 3 တွင် Kickstand ပါရှိပြီး တက်ဘလက် ကို နေရာမျိုးစုံတွင် ထားရှိအသုံးပြုနိုင်မည် ဖြစ်သည်။ Intel Core i3 အမျိုးအစား ကို ဒေါ်လာ (၇၉၉) ဖြင့် စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး i5 နှင့် i7 Processor တပ်ဆင်ထားသည့် အမျိုးအစားများလည်း ရောင်းချပေးမည် ဖြစ်သည်။
“ Surface Pro 3 ဟာ သင့်ရဲ့ Laptop ကို အစားထိုးနိုင်မယ့် တက်ဘလက် ဖြစ်ပါတယ်။ ထောင့်တိုင်းမှာ ပါးလွှာအောင်ပြုလုပ်ပေးထားပြီး သူ့အရင်မျိုးဆက်ထက် ပိုမိုပါးလွှာပြီး လျှင်မြန်ပါတယ်။ “ ဟု Microsoft မှ Panos Panay က ပြောပါသည်။

Surface Pro 3 မှာ (၁၂) လက်မအရွယ် Display တပ်ဆင်ထားပြီး အလုပ်ကိစ္စများတွင် အသုံးပြုရန် သင့်တော်ပါသည်။ ကီးဘုတ်မပါရှိလျှင် အလေးချိန်မှာ (၁.၇၆) ပေါင် ဖြစ်ပါသည်။ အထူမှာ (၉.၁) မီလီမီတာ ဖြစ်ပြီး အပါးလွှာဆုံး Intel Core Processor တပ်ဆင်ထားပါသည်။ Screen Resolution မှာ 2160x1440 ဖြစ်ပါသည်။ MicroSD Card Reader, USB 3.0 Port တို့ ပါရှိပါသည်။

Surface Pro 3 တွင် Pen ပါရှိပြီး Microsoft က စာရေးသားပြီး သရုပ်ပြခဲ့ရာတွင် အလွန်ကောင်းမွန်သည် ကို တွေ့ရှိရပါသည်။ Pen ကို နှိပ်လိုက်လျှင် မှတ်စုရေးသားသည့် App ကို ဖွင့်ပေးသည် ကို တွေ့ရပါသည်။
Surface Pro 3 တွင် ဈေးကွက်ထဲရှိ တက်ဘလက်များတွင် တပ်ဆင်ထားသည့် အပူသက်သာစေသော ပန်ကာများထက် သုံးဆယ် ရာခိုင်နှုန်း ပိုမိုကောင်းမွန်သည့် ပန်ကာ တပ်ဆင်ထားပါသည်။

Panay က Tablet နှင့် Laptop နှစ်မျိုး ပေါင်းစပ် အသုံးပြုချင်သူများအတွက် Surface Pro 3 ကို ရည်ရွယ်ထုတ်လုပ်ပေးထားသည် ဟု ပြောပါသည်။ iPad ပိုင်ဆိုင်သူ အားလုံး၏ (၉၆) ရာခိုင်နှုန်း သည် Laptop လည်း ပိုင်ဆိုင်ကြပါသည်။ Surface Pro 3 ကို ၀ယ်လျှင် Device နှစ်ခု ၀ယ်ရန်မလိုဟု Panay က ပြောပါသည်။

ref: သူရ

0 comments:

Post a Comment