Powered by Blog - Widget

Thursday, May 22, 2014

မိုးကြိုးထိမှန်၍ ရွှေဘိုခရိုင်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ၂-ရက်ကြာပြတ်တောက်ခဲ့



Aung Ko Htet (MM IT Knowledge)
 
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ အချို့တွင် မေ ၁၅-ရက်နေ့မှစပြီး သွယ်မှုများ မိုးလေ ပြင်းထန်စွာကျရောက်ခြင်းကြောင့် ရွှေဘိုမြို့မှ ဆက်သွယ်ရေးတာဝါတိုင်မှာ မိုးကြိုးပစ်ခံခဲ့ရပြီး၊မြေအောက် ကေဘယ်ကြိုးများလည်း ပြတ်တောက်ခဲ့ရာ GSM ဖုန်းလိုင်းဆက်သွယ်မှုများ
၂-ရက်ကျော် ပြတ်တောက်ခဲ့ ကြောင်းသိရသည်။


“မြို့နယ် ၅-မြို့နယ်လောက်ဖြစ်ခဲ့တယ်။ကျောက်ဆည်-မိတ္ထီလာကြားကမြေအောက်ကေ ဘယ်ကြိုး ပြတ်ခဲ့တာ။ Transmission စနစ်နဲ့လုပ်ရတယ်။Singalကသွားပြီး Data ကမရောက်ဘူးဖြစ်နေလို့ ကြိုးစားပြီးလုပ်ခဲ့တယ်။ MECဖုန်းတွေက ဘာမှမဖြစ်ဘဲ ဆက်သွယ်လို့ရပါ တယ်။”ဟုမြန်မာ့ဆက်သွယ်ရေး ရုံး၊ရွှေဘိုမှ ပြောကြားသည်။ဆက်သွယ်မှုပြတ်တောက်ခဲ့သည့်ဒေသများမှာရွှေဘို၊၀က်လက်၊ရေဦး၊ကန့်ဘလူ၊ဇီးကုန်း၊ကသာတို့ဖြစ်ကြောင်း၊
ကြိုးဖုန်းနှင့် MEC ဖုန်းများသာ ဆက်သွယ်၍ရခဲ့ကြောင်း၊မေ၁၇-ရက်နောက်ပိုင်းတွင် ဖုန်းဆက်သွယ်မှုလိုင်း အားလုံးကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။


“မိုးတွေရွာပြီးနောက် လိုင်းတွေပြောမရတော့ဘူး၊မိုးကြိုးထိသွားတယ်လို့ကြားတယ်။ဆက်သွယ်ရေးရုံး တာဝါ တိုင်တွေကိုမိုးကြိုးမထိအောင် နည်းပညာနဲ့ကာကွယ်သင့်တာပေါ့။စီးပွားရေး၊လူမှုရေးတွေမှာ ဆက်သွယ် ရေးလိုင်းက အဓိက ကျတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးကဖုန်းဖြင့်ပြန်လည်ဖြေကြားသည်။


ref: Myanmar Digital Life

0 comments:

Post a Comment