Powered by Blog - Widget

Thursday, May 22, 2014

သင့်ကိုယ်သင် ယုံကြည်မှုရှိပါ



Aung Ko Htet (MM IT Knowledge)



တစ်ခါက တောလေး တစ်တောထဲကို လူတစ်ယောက်ရောက်လာတယ်။ အဲ့ဒီလူကြီး တစ်ယောက်က ဇီးသီးလေးတစ်လုံးကိုတွေ့တယ်။ အဲ့ဒါနဲ့ ဇီးသီးလေးက မေးတယ်။ ဘာကိုရှာနေတာလဲ ?  လူကြီးက ပြန်ဖြေတယ်။ ငါပန်းသီးကို ရှာနေတာတဲ့။ အိုကေ အဲ့ဒါဆိုရင် နောက်တစ်ကြိမ်လာခဲ့ပါ။ ပန်းသီးရစေရမယ်လို့ ဇီးသီးလေးက ပြောတယ်။

နောက်တစ်ကြိမ် တောလေးထဲကို လူကြီးက ပြန်ရောက်လာတယ်။ လူကြီးရောက်လာတဲ့အချိန်မှာ ဇီးသီးလေးက ပန်းသီး အသွင်ဖန်တီးပြီးပြောတယ်။ လူကြီးမင်းအရင်တစ်ခါက ရှာနေတဲ့ ပန်းသီးလေးပါ။ လူကြီးမင်း ခူးစွတ်နိုင်ပါတယ် လို့ပြောတယ်။ ဒါပေမဲ့ လူကြီးက ပန်းသီးကို မခူးပဲ တစ်ခြား တစ်ဖက်ကို လိုက်ရှာနေပြန်တယ်။ အဲ့ဒါနဲ့ ပန်းသီးလေးက ထပ်မေးတယ်။ ဘာကို ရှာနေတာလဲ ? အဲ့ဒီအချိန်မှာ လူကြီးက ပြန်ဖြေတယ်။ ငါလိမ္မော်သီးကို ရှာနေတာ။ အိုကေ နောက်တစ်ကြိမ်တောထဲ ပြန်လာခဲ့ပါ။ လူကြီးမင်းလိုချင်တဲ့ လိမ္မော်သီးရစေရမယ် လို့ပြောလိုက်တယ်။

နောက်တစ်ကြိမ် တောလေးထဲကို လူကြီးက ထပ်ရောက်လာပြန်တယ်။ အဲ့ဒီအချိန်မှာ ပန်းသီး အဖြစ် ဖန်ဆင်းထားတဲ့ ဇီးသီးလေးက လိမ္မော်သီးအဖြစ် ထပ်ပြီး ဖန်ဆင်းလိုက်ပြန်ပါတယ်။ ပြီးတော့ လူကြီးကို ပြောတယ်။ လူကြီးမင်းရှာနေတဲ့ လိမ္မော်သီးကို လူကြီးမင်း ခူးယူစားသုံးနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးက လိမ္မော်သီးကို မခူးပဲ တစ်ခြား တစ်ဖက် ထပ်ရှာနေပြန်တယ်။ အဲ့ဒါနဲ့ လိမ္မော်သီး အဖြစ်ဖန်ဆင်းထားတဲ့ ဇီးသီးလေးက မေးတယ်။ ဘာကိုရှာနေတာလဲ ? ငါပန်းသီးကို ရှာနေတာလို့ ဆိုပြန်တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဇီးသီးလေးက လူကြီး ကိုဘာမှ ပြန်မပြောတော့ပဲ ငြိမ်နေပြီး စဉ်းစားလိုက်တယ်။ ငါက ဇီးသီးတစ်လုံးပါ။ လူတွေရဲ့ အလိုကို ဖြည့်ဆည်းပေးချင်လွန်းလို့ ငါသူတို့တောင့်တသမျှ အသီးတွေကို ဖန်ဆင်းပေးခဲ့ပြီး ငါ့ရဲ့ မူရင်း အသွင်ဖြစ်တဲ့ ဇီးသီးတစ်လုံးတောင်ငါ ပျောက်လုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမဲ့ လူတွေရဲ့ အလိုဆန္ဒကို ငါမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ငါ့ဘာသာငါပဲ ဇီးသီးအဖြစ်နေပြီး ဇီးသီးကို ကြိုက်လို့ ဇီးသီးကို လာရှာတဲ့ လူအတွက်ပဲ ငါဖြည့်ဆည်းပေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲ့လိုပါပဲ လူတိုင်းရဲ့ လိုအပ်မှုတွေကို လိုက်ပြီး ဖြည့်ဆည်းပေးဖို့ကြိုက်စားနေတဲ့ သင်အတွက် သင့်ရဲ့ နဂိုရှိပြီးသား စွမ်းအားတွေကို အဆုံးရှုံးမခံပါနဲ့။ သင်ရဲ့စွမ်းအားသာလျှင် လူတိုင်းအတွက် အတုယူဖွယ်ရာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင်လုပ်နိုင်တာကို လုပ်ပါ။ သင့်ရဲ့ လုပ်အားကို အသိမှတ်ပြုပေးမဲ့ သူတွေသင့်ကို အဆင်သင့် စောင့်ဆိုင်းနေပါတယ်။

Aung Ko Htet (Myanmar IT Knowledge)

0 comments:

Post a Comment