Powered by Blog - Widget

Friday, May 23, 2014

Apple ၏ iPhone 6 ပုံများနှင့် အတိုင်းအတာများထွက်ပေါ်လာ




Aung Ko Htet (Myanmar IT Knowledge)

Apple ရဲ့ နောက်ဆုံးထွက်ရှိလာတော့မဲ့ iPhone 6 ပုံကြမ်းနဲ့ အတိုင်းအတာတွေထွက်ပေါ်လာပါတယ်။ အဆိုပါ iPhone 6 ရဲ့ မျက်နှာပြင်အကျယ်ကတော့ 4.7 လက်မရှိပြီး resolution ကတော့ 960×1,704 ရှိတယ်လို့ခန့်မှန်းထားပြီး  iPhone 5s ရဲ့ screen နဲ့ အနည်းငယ်သာ ကွာခြားကာ resolution ကလည်း 50 % ထိကွာခြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Apple iPhone 6 ရဲ့ ပုံသဏ္ဍန် အတိုင်းအတာကတော့ 137.5× 67×7 mm ရှိပြီး iPhone 5s ရဲ့ 123.8×58.6×7.6 mm အတိုင်း အတာကို နမူနာယူပြီး ခန့်မှန်းထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ခန့်မှန်းချက်အတိုင်းအတာများနဲ့ တိုင်းတာ ထုတ်လုပ်ထားတဲ့ iPhone 6 ရဲ့အတိုင်းအတာ ပုံရဲ့ အပြင်ပိုင်းကတော့ iPod touch ရဲ့ ဒီဇိုင်းကို အတုယူပြီး ထုတ်ထားခြင်းဖြစ်ပြီး Home button ကိုလည်း အဖြူရောင်ကို ရွှေရောင်ဘောင်ကွပ်ထားတဲ့ button ဒီဇိုင်းနဲ့ ထုတ်ထားတာဖြစ်ပြီး နမူနာ ထုတ်ထားတဲ့ iPhone 6 ပုံရဲ့ အရောင်တွေကတော့ မီးခိုးရောင်၊ အနက်ရောင် နှင့် ရွှေရောင်တို့ပဲဖြစ်ပါတယ်။





Ref: Arena

Aung Ko Htet (Myanmar IT Knowledge)

0 comments:

Post a Comment