Powered by Blog - Widget

Tuesday, May 20, 2014

iPhone နှင့် iPad အတွက် iStick



Aung Ko Htet (MM IT Knowledge)



San Francisco အခြေစိုက် လူ့အသုံးအဆောင်ထုတ်လုပ်သော HYPER အဖွဲ့အစည်း (လက်ရှိတွင် Apple ၏ Macebook အတွက် Portable Power Packs နှင့် အခြား Apple အသုံးအဆောင်များ တီထွင်ထုတ်လုပ်လျက်ရှိ) တစ်ခုမှ iPad နှင့် iPhone အတွက်ရည်ရွယ်၍ ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်ရန် အတွက် iStick တစ်ခုကိုတီထွင် ထုတ်လုပ်ခဲ့ပါသည်။ ၄င်းသည် USB အနေဖြင့် အသုံးပြုနိုင်ရန် အတွက်သာမက အင်တာနက်ချိတ်ဆက်မှုမရှိလျှင်လည်း Apple ၏ Cloud ဆာဗာရှိ ရုပ်ရှင်များကိုပါကြည့်ရှုနိုင် သည်ဟု သိရှိရပါသည်။

iStick ၏ စွမ်းဆောင်နိုင်မှုများ
သိုလှောင်နိုင်မှု : 8GB၊ 16GB၊ 32GB၊ 64GB နှင့် 128GB
ချိတ်ဆက်မှု: Standard USB 2.0 နှင့် Apple MFi-Certified Lightning Connector
အတိုင်းအတာ: 51.6 x 28.6 x 9.1mm
အလေးချိန်: 10g
အရောင်: အဖြူ၊ အမည်း၊ ရွှေရောင် နှင့် ငွေရောင်
အသုံးပြုနိုင်မည့်အမျိုးအစားများ : iPhone 5၊ 5S နှင့် 5C၊ iPad (4th generation)၊ iPad mini၊ iPad mini with Retina display၊ iPad Air၊ iPod touch (5th generation)
ရောင်းချသည့်ဈေးနှုန်းများ : $65 (£3) for 8GB၊ $85 (£50) for a 16GB model၊ $100 (£59) for 32GB၊ $150 (£89) for the 64GB version နှင့် $199 (£118) for 128GB အစရှိသည်တို့ ဖြစ်ပါသည်။

၎င်း iStick အတွင်း၌ ဗီဒီယို၊သီချင်း၊ဓာတ်ပုံ နှင့် အချက်အလက်များကို သိမ်းထားနိုင်မည့် အပြင် မည်သည့် အခြားပစ္စည်းကိရိယာမျှ မလိုအပ်ဘဲ ကွန်ပျူတာနှင့်လည်း တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ သို့သော် iStick ကိုအသုံးပြုမည့်သူများအနေဖြင့် iOS App ကိုဒေါင်းလုပ်ပြုထားလုပ်ထားရန် လိုအပ်ကြောင်း လည်း သိရှိရပါသည်။

Ref:DM
WorldWide(BMSTU)

0 comments:

Post a Comment