Powered by Blog - Widget

Thursday, May 22, 2014

Samsung Galaxy S5 ရွှေရောင် ကို အမေရိကန် တွင် ရောင်းမည်



Aung Ko Htet (MM IT Knowledge)


Samsung က Galaxy S5 ရွှေရောင် ကို အမေရိကန် ရှိ နာမည်ကြီး Carrier အားလုံးမှ မေလ သုံးဆယ်ရက်နေ့တွင် ရောင်းချပေးမည် ဟု ကြေညာပါသည်။ AT&T, Sprint, T-Mobile, Verizon Wireless, US Cellular များမှ ၀ယ်ယူနိုင်မည် ဖြစ်ပြီး ရွှေရောင် အမျိုးအစား ၏ ဈေးနှုန်းမှာ အခြားအရောင်များနှင့် တူညီပါသည်။ အမေရိကန် Carrier များမှ ၀ယ်ယူလျှင် ကနဦး အနေဖြင့် (၉၉) ဒေါ်လာ သာ ပေးချေရ မည် ဖြစ်ပြီး နှစ်နှစ်စာချုပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။ Handset သီးသန့်ဝယ်ယူလျှင် ဒေါ်လာ (၆၉၉) ၀န်းကျင် ကျသင့်မည် ဖြစ်သည်။

Galaxy S5 တွင် ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါသည်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 16 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 2.1 Megapixel Camera တပ်ဆင်ထားပါသည်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါသည်။ 2800mAh Battery တပ်ဆင်ထားပါသည်။

Samsung က ကင်မရာ ကို အလွန်ကောင်းမွန်အောင်ပြုလုပ်ပေးထားပါသည်။ (၀.၃) စက္ကန့် အတွင်းတွင် Auto Focus ပြုလုပ်နိုင်င်ပါသည်။ Real-Time HDR စွမ်းဆောင်ချက်ပါရှိလာပြီး ဓာတ်ပုံ၊ ဗီဒီယို များကို ရိုက်ကူးနေစဉ်မှာ HDR Effect ကို Live Preview ပြပေးနိုင်ပါသည်။ Shot and More က ဓာတ်ပုံအများအပြားကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး အကောင်းဆုံးပုံတစ်ပုံ ကို ရွေးချယ်နိုင်ပါသည်။ Android 4.4 KitKat ကိုအသုံးပြုထားပြီး LTE အသုံးပြုနိုင်ပါသည်။ အလွန်လျှင်မြန်သော WiFi 802.11ac standard ကို အသုံးပြုနိုင်ပါသည်။

Galaxy S5 သည် ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါသည်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါသည်။ MWC တွင် ကြေညာခဲ့သော Sony Xperia Z2 က IP58 စံနှုန်း သတ်မှတ်ချက်ရှိပြီး S5 ကဲ့သို့ ဖုန်မှုန့်ဒဏ် မခံနိုင်သော်လည်း S5 ထက် နက်ရှိုင်းသော ရေအနက် ကို ယူဆောင်သွား၍ရပါသည်။

iPhone 5S မှာကဲ့သို့ Galaxy S5 တွင် Fingerprint Scanner ကို Home Button တွင် တပ်ဆင်ထားပါသည်။ Scanner ပေါ်တွင် လက်ချောင်း ကို ပွတ်ဆွဲပြီး ဖုန်းကို Unlock လုပ်နိုင်ပါသည်။ ထို့အပြင် Samsung က စွမ်းဆောင်ချက်အနည်းငယ် ထပ်ဖြည့်ထားပါသည်။ Documents များကို Password အစား လက်ဗွေရာ ဖြင့် ကာကွယ်ထား၍ရပါသည်။ PayPal မှငွေလွှဲခြင်းကိုလည်း Fingerprint Scanner ဖြင့် ပြုလုပ်နိုင်ပါသည်။

S5 တွင် နှလုံးခုန်နှုန်း ကို တိုင်းတာပေးသည့် Sensor ပါရှိပါသည်။ အနောက်ဘက်တွင် တပ်ဆင်ထားပြီး လက်ချောင်းများတွင် သွေးလည်ပတ်စီးဆင်းသည့် နှုန်း ကို တိုင်းတာတွက်ချက်ပေးနိုင်ပါသည်။ တိုင်းတာ ထားသည့် သတင်းအချက်အလက်များ ကို App တွင် ပြသပေးမည်ဖြစ်သည်။

S5 တွင် LTE နှင့် WiFi တို့ကို တစ်ပြိုင်နက် အသုံးပြုနိုင်သည့် Download Booster စွမ်းဆောင်ချက်ပါရှိပါသည်။ 600-650 Mbit/s အမြန်နှုန်း ရရှိမည် ဟု သိရပါသည်။ Power Saving Mode က ဘက်ထရီသက်တမ်း ကို နှစ်ဆ အသုံးခံစေရန် ပြုလုပ်ပေးနိုင်ပါသည်။

ref: သူရ

0 comments:

Post a Comment