Powered by Blog - Widget

Tuesday, May 20, 2014

FIFA Visa Prepaid Card ပြုလုပ်သူများအားပေးမည့်လက်ဆောင်မှာ ဖီဖာမှတိုက်ရိုက်ပေးခြင်းဟုဆို



Aung Ko Htet (MM IT Knowledge)


FIFA Visa Prepaid များအား စတင်ပြုလုပ်ပေးနေပြီဖြစ်ရာကတ်ပြုလုပ်သူများအား ပေးမည့်လက်ဆောင်မှာ ဖီဖာမှ တိုက်ရိုက်ပေးခြင်းဖြစ်ကြောင်း သိရသည်။



၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြိုဆိုသောအားဖြင့် ဗီဇာ၏ လမ်းညွှန်မှုဖြင့် သမဝါယမဘဏ်တို့ ပူးပေါင်းထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။ FIFA Visa Prepaid Card ကို နီးစပ်ရာ သမဝါယမဘဏ်များတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ “FIFA Visa Prepaid Card ဆိုတာက ဗီဇာကတ်ပုံစံအတိုင်းပါပဲ။ ဗီဇာကတ်သုံးသလိုပဲ ဆောင်ရွက်ရမှာပါ။ သူ့ကိုသုံးတဲ့အတွက် ဖီဖာကနေလက်ဆောင်တွေကို တိုက်ရိုက်ပေးမှာဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ ပြောကြားသည်။ FIFA Visa Prepaid Card အကြောင်းရှင်းလင်းပွဲကို မေလ ၉ ရက်တွင်ပြုလုပ်ခဲ့သည်။ FIFA Visa Prepaid Card ကို မေလ ၆ ရက်နေ့မှစ၍ စီဘီဘဏ်ရုံးချုပ်၊ စီဘီဘဏ် Card ဌာနနှင့် ဘဏ်ခွဲတိုင်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။



FIFA Visa Prepaid Card ထဲသို့ USD 1,000 မှ USD 2,999 ထိ Top Up ပြုလုပ်သူများကို Official FIFA Country Cap တစ်လုံး၊ USD 3,000 နှင့်အထက် Top Up ပြုလုပ်သူများကို Official FIFA Football Jersey အင်္ကျီတစ်ထည်၊ USD 5,000 Top Up ပြုလုပ်သူများကို Official FIFA Football Jersey နှင့် Traveller Bag တို့ကို လက်ဆောင်ပေးမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှသိရသည်။ “အရင် ဗီဇာကတ်ရှိတဲ့သူတွေအနေနဲ့ FIFA  Visa Prepaid Card အဖြစ် ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး။ FIFA Visa Prepaid Card ကို သပ်သပ်လုပ်ဖို့ လိုမှာဖြစ်ပါတယ်” ဟု သမဝါယမဘဏ်ကတ်ဌာနသို့ မေးမြန်းချက်အရသိရသည်။



FIFA Visa Prepaid Card ဖြစ်၍ ကမ္ဘာ့ဖလားအထိမ်းအမှတ် ဒီဇိုင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ကတ်ပြုလုပ်ရန်အတွက် ဖောင်၊ ကတ်ဖိုးရှစ်ထောင်ကျပ်ပေးသွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အဆိုပါကတ်ပြုလုပ်၍ ပိုက်ဆံဖြည့်သည်နှင့် လက်ဆောင်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ရုံးချုပ်တွင် လာရောက်ပြုလုပ်ပါက လက်ဆောင်များ ချက်ချင်းထုတ်ပေးမည်ဖြစ်ပြီး သမဝါယမဘဏ်ရုံးခွဲများတွင် ဆောင်ရွက်မည်ဆိုပါက လက်ဆောင်ပစ္စည်းရချိန် အနည်းငယ်နောက်ကျနိုင်ကြောင်း သိရသည်။ အဆိုပါဆောင်ရွက်ချက်နှင့် ပတ်သက်၍ ဖုန်းနံပါတ် ၁၈၇၄ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



ref: ထွန်းထွန်း

0 comments:

Post a Comment