Powered by Blog - Widget

Monday, May 26, 2014

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော E-Commerce လုပ်ငန်းရှင်များပူးပေါင်းပါဝင်ပြသသော The 1st Myanmar E-Commerce Business & Family Trade Fair 2014 ကျင်းပပြုလုပ်မည်



Aung Ko Htet (Myanmar IT Knowledge)

iHome Online Shopping နှင့် Real Estate Companyမှ ကြီးမှူးကျင်းပသော The 1st Myanmar E-Commerce Business & Family Trade Fair 2014 ကို လာမည့် မေလ ၃၀ရက်နေ့မှ ဇွန်လ ၁ရက်နေ့ထိ သုံးရက်တိုင်တိုင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC Hall) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


 အဆိုပါ ပြပွဲတွင် ကမ္ဘောဇဘဏ်မှ Main Sponser အဖြစ်အဓိကကူညီပံ့ပိုးပေးထားပြီး ကမ္ဘောဇဘဏ်သည် မကြာမီ ဝန်ဆောင်မှုများပေးသွားတော့မည့် KBZ Payment Gateway စနစ်အား သရုပ်ပြရှင်းလင်းတင်ပြသွားမှာဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။
KBZ Payment Gateway ဆိုသည်မှာ နိုင်ငံတကာမှ VISA , MASTER Debit / Credit Card များကို အသုံးပြု၍ Online မှ မိမိဝယ်ယူသော Products & Services များအတွက် ငွေပေးချေခြင်းဖြစ်ပြီး 3D Secure System နည်းပညာကို အသုံးပြုထားသောကြောင့် ပိုမိုစိတ်ချရသည်ဟုဆိုသည်။

ယခုပြပွဲတွင် ပြခန်းများကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားထားသည် ။ E-Commerce နှင့် အိုင်တီလုပ်ငန်းများနှင့်ဆက်နွယ်သော Online Shopping Websites များ၏ပြခန်းများ၊ မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်းဆိုင်များ၊ အိုင်တီပစ္စည်းများ၊ ကွန်ပျူတာ၊ laptop နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ အွန်လိုင်းအသုံးပြုပြီး ဝန်ဆောင်မှုများစတင်ပေးနေပြီဖြစ်သော လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ ၊အာမခံလုပ်ငန်းများ စသည်တို့အပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကွန်ဒိုနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ ၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စာရေးကိရိယာများ၊ စားသောက်ကုန်များ၊ကလေးအသုံးအဆောင်များ၊ အခြားလူသုံးကုန်ပစ္စည်းများ စသည့် လုပ်ငန်းအမျိုးအစားများစွာကို တစ်စုတစ်စည်းတည်းပြသကြမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် E-Commerce Business အကြောင်းသိရှိလိုသူများနှင့် ဝန်ဆောင်မှုစတင်ရယူလိုသူလုပ်ငန်းရှင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်းနိုင်ရန် E-Commerce Business Matching Room တို့ကိုလည်းစီစဉ်ပေးသွားမည်ဖြစ်သည်။

Co-Sponsor များအဖြစ် 3 View,KOMACHI cosmetic, Royal Express, SBS Courier Services တို့မှ ကူညီပံ့ပိုးပေးထားပြီး Main Sponsor အဖြစ် ကမ္ဘောဇဘဏ်မှကူညီပံ့ပိုးပေးထားသည်။

ref: Nyein Chan(TSJ Tech Team)

0 comments:

Post a Comment