Powered by Blog - Widget

Saturday, May 31, 2014

ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်



Aung Ko Htet (MM IT Knowledge)
 
Samsung Galaxy Mega 7.0 (Or Mega 2) ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် က ခွင့်ပြုလိုက်ပြီဖြစ်သည်။ Galaxy Mega 2 တွင် ခဲတံ အရွယ်အစားရှိသည့် ကြီးမားသော ခုနစ်လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါသည်။ Galaxy Mega 2 သည် သူ၏ နောင်တော်ထက် ၀.၇ လက်မ ပိုမိုကြီးမားလာပြီး ထွက်ရှိပြီးသမျှ Android Phone များထဲတွင် အကြီးဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

အမေရိကန်ရှိ မည်သည့် Wireless Carrier က အဆိုပါဖုန်းကို ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။ Samsung ၏ စမတ်ဖုန်းများကို AT&T မှ ရောင်းချလေ့ရှိသည့်အတွက် Mega 2 ကိုလည်း AT&T မှပင်ရောင်းချမည် ဟု Android Central က ခန့်မှန်းပါသည်။ Mega 2 ကို အမေရိကန် သို့မဟုတ် အာရှ တွင် ရောင်းချမည် ဆိုသည့် သတင်းအချက်အလက်ကိုလည်း ကွဲပြားစွာ မသိရသေးပါ။

Mega 2 ကို ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ယခင်မျိုးဆက် ၏ ဈေးနှုန်းမှာ ဒေါ်လာ ၄၉၉ ရှိပါသည်။

Mega 2 ၏ မျက်နှာပြင်အရွယ်အစား အပြင် အခြား Specification များနှင့် ပတ်သက်၍ သတင်းထွက်ပေါ်ခြင်းမရှိသေးပါ။ Mega 2 သည် ခုနစ်လက်မအရွယ် ရှိသည့်အတွက် တက်ဘလက်အရွယ်ရှိပါသည်။ သို့သော် Mega 2 သည် အလွန်ပါးလွှာပြီး ပေါ့ပါးသည့်အတွက် ဖုန်းကဲ့သို့ အသုံးပြုရန် အဆင်ပြေမည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

Samsung က ဇွန်လ ၁၂ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲတစ်ခု ကျင်းပရန် ရှိနေပြီး Galaxy Tab S တက်ဘလက်များကို ပြသမည် ဖြစ်သည်။ အဆိုပါပွဲတွင် Mega 2 ကိုလည်း ပွဲထုတ်နိုင်သည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

ref: သူရ

0 comments:

Post a Comment