Powered by Blog - Widget

Wednesday, May 21, 2014

Galaxy S5 အပြာရောင်နှင့် ရွှေရောင် နေပြည်တော်ဈေးကွက်ဝင်ရောက်



Aung Ko Htet (MM IT Knowledge)


နေပြည်တော် မိုဘိုင်းဈေးကွက်ထဲသို့ Galaxy S5 အပြာရောင်နှင့် ရွှေရောင်ဝင်ရောက်လာပါတယ်။ အရင်ထွက်ရှိတဲ့ Galaxy S5 လိုပဲ ပါဝင်ဖွဲ့စည်းမှုတွေ တူညီပါတယ်။ Micro SIM အနေနဲ့ ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး 2G, 3G, 4G LTE Network တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။



CPU ကို Quad Core 2.5 GHz Krait 400 အသုံးပြုထားပြီး GPU ကိုတော့ Adreno 330 ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 2GB ပါဝင်ပြီး Internal Memory အနေနဲ့ 16GB/ 32GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ Micro SD Card  ဖြင့် 128GB အထိ တိုးမြှင့်နိုင်ပါတယ်။ Qualcomm MSM 8974AC Snapdragon 801 Chipset ကို အသုံးပြုထားပါတယ်။

Accelerometer Sensor, Proximity Sensor, Compass Sensor, Gyro, Barometer, Gesture, Heart Rate စတာတွေလည်း ထောက်ပံ့ပါဝင်ပြီး  Android 4.2.2 Version OS ကို အသုံးပြုထားပါတယ်။ ၅.၁ လက်မအရွယ်အစားရှိတဲ့ AMOLED Capacitive Touchscreen, 16M Color Display ပါရှိပါတယ်။ ရေအောက်အနက် တစ်မီတာမှာ နာရီဝက်အကြာ ရေစိမ်ထားနိုင် တာ ဖြစ်ပါတယ်။ နောက်ကင်မရာက 16.0 MP ရှိပြီး ရှေ့ကင်မရာက 2.0MP ရှိပါတယ်။ 2800mAh ရှိတဲ့ Li-Ion ဘက်ထရီကို အသုံးပြုထားတဲ့အတွက် Standby ထားမယ်ဆိုရင် နာရီပေါင်း ၃၉၀ နာရီ ထားရှိနိုင်ပြီး စကားပြောမယ်ဆိုရင် နာရီပေါင်း ၂၁ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ LINN IT Solution Center I, II, III (နေပြည်တော်)ဖုန်း-၀၆၇- ၂၂၈၈၄ နှင့် ၂၃၈၈၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကျော်ဇေယျ၊ နေပြည်တော်

0 comments:

Post a Comment