Powered by Blog - Widget

Wednesday, May 21, 2014

iPad Mini နှင့်တူညီမှုရှိသည့် Xiaomi Mi Pad

Aung Ko Htet (MM IT Knowledge)

တရုတ်ကုမ္ပဏီ Xiaomi မှပထမဦးဆုံး ထုတ်လုပ်သည့် tablet တွင် ၇.၉ လက်မအရွယ် display ကိုအသုံးပြုထားကာ ၎င်းသည် Apple ၏ iPad Mini နှင့်တူညီမှုရှိကြောင်း သိရသည်။

Xiaomi ၏ Mi Pad သည် ၇.၉လက်မအရွယ်ရှိ Wi-Fi tablet သည် iPad Mini နှင့်တူညီမှုရှိသော်လည်း ၎င်း tablet ကို iPad ကဲ့သို့အလူမီနီယမ် အသုံးမပြုထားဘဲ ပလတ်စတစ်သာ အသုံးပြုထားသည်။ အဆိုပါ tablet ၏ screen resolution သည် Apple ၏ iPad Mini ကဲ့သို့ပင် 2,048x1,536 pixels ကိုအသုံးပြုထားကြောင်း သိရသည်။ ထို့အပြင် Mi Pad တွင် Nvidia ၏ quad-core Tegra K1 ပရိုဆက်ဆာကို အသုံးပြုထားကာ RAM 2GB နှင့် Onboard storage အဖြစ် 16GB သို့မဟုတ် 64 GB အဖြစ်ပါဝင်လာမည်ဖြစ်သည်။ Mi Pad ၏အလေးချိန်သည် ၃၆၀ ဂရမ်ရှိပြီး အထူမှာ ၈.၅ မီလီမီတာရှိသောကြောင့် Apple ၏ tablet ထက်အနည်းငယ်ထူကာ ပိုလေးကြောင်းသိရသည်။

၎င်းတွင် Android 4.4.2 KitKat ကိုအခြေခံထားသော MIUI ခေါ်သောစိတ်ကြိုက် ပြင်ဆင်ထားသည့် Android ဗားရှင်းကိုအသုံးပြုထားသည်။ Mi Pad tablet တွင် Selfie ရိုက်ကူးသူများအတွက် ရှေ့ကင်မရာတွင် 5 megapixel အသုံးပြုထားပြီး ကျောဘက်ကင်မရာတွင် 8 megapixel ကိုအသုံးပြုထားကာ 6,700mAh ဘက်ထရီကို အသုံးပြုထားသည်။ Mi Pad 16GB ဗားရှင်းကို ဒေါ်လာ ၂၄၀ ခန့်ဖြင့်ဝယ်ယူနိုင်ကာ 64GB ဗားရှင်းကိုဒေါ်လာ ၂၇၀ ခန့်ဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။

-စိုးထက်

Ref: CNET

- See more at: http://www.myanmarinternetjournal.com/content/12553#sthash.EuBpomVG.dpuf

0 comments:

Post a Comment