Powered by Blog - Widget

Wednesday, May 21, 2014

DNS Namespace ဆိုတာဘာလဲ



Aung Ko Htet (MM IT Knowledge)


English ဆိုရင်တော့ What is DNS Namespace? ပေါ့ဗျာ။ မြန်မာလိုဆိုရင်တော့ DNS Namespace ကဘာလဲပေါ့။ ကဲ ရှေ့က ဆောင်းပါးတွေမှာတော့ DNS ဆိုတဲ့ အကြောင်းအရာကို အကြမ်းမျဉ်း နားလည်သွားပါပြီ။ အခုပြောပြမယ့် အကြောင်းအရာကတော့ DNS Namespace အကြောင်းပဲဖြစ်ပါတယ်။
DNS Namespace ဆိုတာ DNSServer တွေအတွင်းမှာပါဝင်တဲ့ Logical Tree တွေကို ဆင့်ပွားချိတ်ဆက်ထားတာကို ပြောခြင်းဖြစ်ပါတယ်။ အခုအချိန်မှာDomain အတွင်းမှာ ပါဝင်တဲ့ Tree ဆိုတဲ့ အကြောင်းအရာကို ဆောင်းပါတစ်ခု အနေနဲ့ အကျယ်တ၀င့်ရှင်းပြထားပါတယ်။
အခု Domain Name Space ကိုမပြောခင် Domain Name System ကိုအရင် ပြောပြချင်ပါတယ်။ ဟဲဟဲရှည်လိုက်ဦးမယ်။ နားလည်လွယ်အောင်ပြောရရင် Domain Name System က ဖုန်းစာအုပ်ပေါ့ဗျာ။ ဖုန်းစာအုပ်မှာ နာမည်နဲ့ လူတွဲပြီးမှတ်သလိုပေါ့ ။Domain Name System က လည်း Computer ရဲ့  IP Address တွေကို လူတွေမှတ်မိနိုင်တဲ့  နံမည်နဲ့ တွဲပြီးသိမ်းပေးတာဖြစ်ပါတယ်။ ဥပမာ- Computer ရဲ့  IP Address 192.0.32.10 ကို www.example.com လို့ နံမည်ပေးသိမ်းခြင်းမို့ လို့  Client Computer ဟာ Browser မှာ www.example.com လို့ ရိုက်ရုံနဲ့  192.0.32.10 လို့ မှတ်စရာမလိုတော့ပဲ သက်ဆိုင်တဲ့  Website ကျလာတာပဲဖြစ်ပါတယ်။ဒါက Domain Name System ကို အကြမ်းမျဉ်းပြောပြတာပါ။
Domain Name Space ဆိုတာ Domain Name System ရဲ့  အခြေခံကျဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သူက Domain Name တွေအဆင့်ဆင့် ဆင့် ပွားတည်ဆောက်ထားတဲ့ လမ်းကြောင်း ကို သိမ်းပါတယ်။ ဒါတင်ပဲလားဆိုတော့ သူတို့ ဘယ်လိုတည်ဆောက်ရလဲ ဆိုတဲ့  Rules တွေကိုလည်းသတ်မှတ်ပေးပါတယ်။ အဓိကကတော့  Domain Name တွေရဲ့  Architecture ကို သတ်မှတ်ပေးတာပါပဲ။ အောက်ကပုံမှာတော့  DNS Hierarchy ပုံကို ပြထားပါတယ်။


အလွယ်ဆုံးပြောရရင်တော့  Domain Name Space ဆိုတာ သူ့ ထဲ မှာပါဝင်တဲ့  Root Domain ကမှတဆင့် နောက်ထပ် Top Level Domain ရှိမယ်။ အဲဒီ Top Level Domain အောက်မှာ Sub Domain လေးတွေရှိမယ်။ ဒီလို အဆင့် ဆင့် ဆင့်ပွားချိတ်ဆက်ထားတဲ့ နည်းပညာပါ။ Root Domain က သစ်ပင်ဆို အဲဒီသစ်ပင်ကြီးအောက်ကမှ ခွဲထွက်လာတဲ့  Top Level Domains ဆိုတဲ့  အပင်လက်တက်ကြီးတွေ အဲဒီ အပင်လက်တက်ကြီးအောက်ကမှ Sub Domains ဆိုတဲ့  အကိုင်းလေးတွေ ဒါတွေအားလုံးသူ့ အဆင့်နဲ့ သူ အဆင့်ဆင့်တည်ရှိနေတာပဲဖြစ်ပါတယ်။



ကဲ ... ဒါဆိုရင် အခုလောက်ဆို DNS Namespace ဆိုတာဘာလဲသိသွားပြီး ပေါ့နော်။ ၎င်း DNS Namespace ကိုဥပမာတစ်ခုအနေနဲ့ ထပ်ဆင့်ရှင်းပြပေးပါ့မယ်။အပေါ်ကပုံလေးကိုကြည့်ပါ။ အဲဒီပုံထဲက Internet Namespace အတွင်းမှာ Root Domainတစ်ခုရှိပါတယ်။ဟုတ်ပြီနော် ၎င်း Root Domain ရဲ့အောက်မှာ နောက်ထပ် Top-level Domain တွေဆက်လက် ပါရှိနေပါသေးတယ်။ OK?အဲဒီကမှတစ်ဆင့် Subdomain တွေကို ဆင့်ပွားဆင့်ပွားချိတ်ဆက်ထားခြင်းကို DNS Namespace လို့ခေါ်ပါတယ်ဗျာ။
ဒါကတော့ Domain Name Space အကြောင်းပါပဲ။ သဘောပေါက်ပြီလို့ ထင်ပါတယ်။
သစ်ပင်ကြီးနဲ့ အကိုင်းတွေကိုသာမှတ်ထားပေါ့ဗျာ။

CPHelper

ref: Naung Yo
 

0 comments:

Post a Comment