Powered by Blog - Widget

Monday, May 26, 2014

R2-D2 Virtual Keyboard Projector



Aung Ko Htet (MM IT Knowledge)
 
Star Wars ဇာတ်ကားမှာပါဝင်တဲ့ R2D2 စက်ရုပ်ကလေးက ယခုအခါမှာတော့ သင့်ရဲ့ စမတ်ဖုန်းတွေနဲ့ တွဲဖက်ပြီး bluetooth နဲ့ချိတ်ဆက်ကာ virtual keyboard projector အဖြစ်အသုံးပြုနိုင်တော့ မှာဖြစ်ပါတယ်။ R2-D2 virtual keyboard projector လို့ခေါ်ဝေါ်ပြီး ဂျပန်နိုင်ငံ Runatown ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။


အကျယ်ကတော့ 70 mm ရှိကာ 97mm မြင့်ပါတယ်။ အချင်းကတော့ 49mm ရှိပါတယ်(အဲဒါက iPhone ထက်အနည်းငယ်သွယ်လျပါတယ်) ။ဈေးနှုန်းကတော့ ပျမ်းမျှ $330 သတ်မှတ်ထားပါတယ်။

ဒီသေးငယ်တဲ့ စက်ရုပ်ကလေးကနေ အနီရောင်လေဆာဒိုင်အုပ်မှတဆင့် ကီးဘုတ်မျက်နှာပြင် ကိုထိုးပေး မှာဖြစ်ပြီး အရောင်တောက်ပမှုကိုချိန်ညှိလို့ရပါတယ်။ကီးဘုတ်မှာ အင်္ဂလိပ်စကားလုံး များဖြင့်ပါဝင်ဖွဲ့စည်း ထားသော ခလုတ်ပေါင်း ၆၈ ခုပါဝင်ကာprojcetion size ကတော့ 99mm x 238mm ရနိုင်မှာဖြစ်ပါတယ်။


R2-D2 ကိုအဖွင့်အပိတ်လုပ်တဲ့အခါ ၊Setting များကိုပြောင်းလဲတဲ့အခါ သူ့သင်္ကေတအဖြစ် beep သံမြည်တာ၊ လေချွန်သံမြည်တာတွေကိုကြားနိုင်သလို ကွန်ပျူတာကီးဘုတ်မှာ စာရိုက်တဲ့အခါ ကြားရမယ့် ကီးဘုတ်ရိုက်သံတွေကိုလည်း ထည့်သွင်းထားတဲ့အတွက် တကယ့်ကွန်ပျူတာကီး ဘုတ်ရိုက်နေ သလိုခံ စားနိုင်မှာဖြစ်ပါတယ်။

R2-D2ကီးဘုတ် ပရိုဂျက်တာကို Bluetooth နဲ့ချိတ်ဆက်ပြီး သင့်ရဲ့ iOS ,Android ,Mac OS ,Windows ,BlackBerry ကိရိယာများနဲ့လည်းချိတ်ဆက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အားပြန်သွင်းလို့ရတဲ့ Lithium-ion ဘက်ထရီသုံးစွဲထားပြီး တစ်ခါအားသွင်းထားရင် နှစ်နာရီကြာခံမှာဖြစ်ပါတယ်။


Pre Order များကို Star War Day ဖြစ်တဲ့ မေလ ၄ ရက်နေ့ကစတင် လက်ခံနေပြီဖြစ်ပေမယ့် သြဂုတ်လကုန်လောက်မှ ပစ္စည်းကိုပို့ပေးမှာဖြစ်ပါတယ်။


ref: Nyein Chan (TSJ Tech Team)

0 comments:

Post a Comment