Powered by Blog - Widget

Tuesday, May 20, 2014

မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီဆွေးနွေးနေဆဲဖြစ်ကြောင်းဆို



Aung Ko Htet (MM IT Knowledge)



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီကို ဆွေးနွေးနေဆဲ သာဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


“အမ်ပီတီအနေနဲ့ လက်မှတ်ထိုးတဲ့အဆင့်ကို မရောက်သေးပါဘူး။ ညှိနှိုင်းဆဲအဆင့်သာ ရှိပါသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဂျပန်နိုင်ငံအော်ပရေတာ KDDI နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ပြောကြားခြင်းဖြစ်သည်။ အော်ပရေတာနှစ်ခုအား လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအားလည်း ယင်းအော်ပရေတာများနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှုပေးနိုင်ရန် ပြည်ပအော်ပရေတာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ “အခုအဖွဲ့တချို့နဲ့ ဆွေးနွေးနေတယ်။ လိုင်စင်ချလိုက်ပြီဆိုတော့ သူတို့က (ခွင့်ပြုပြီး အော်ပရေတာနှစ်ခု) လုပ်ခွင့်ရသွားပြီ။ ကျွန်တော်တို့ အမ်ပီတီက လိုင်စင်ရှိပြီးသား။ အဲတော့ဘာဖြစ်လို့ တခြားကုမ္ပဏီနဲ့ တွဲလဲဆိုတော့ သူတို့နဲ့ပြိုင်ချင်လို့ပေါ့” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းတင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့ဖူးသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား အများပိုင်အဖြစ် ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်သည်။ လိုင်စင်ခွင့်ပြုပြီးသော တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများ နည်းတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ် သည်။ အော်ပရေတာများ ဝန်ဆောင်မှုပေးလာမည့်အချိန်တွင် ဖုန်းခေါ်ဆိုခဈေးနှုန်း ကန့်သတ်ချက်မှာ အစိုးရကန့်သတ်ချက်မဟုတ်တော့ဘဲ ဈေးကွက်၏ ပြိုင်ဆိုင်မှုအပေါ်တွင် မူတည်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနပိုင်းအနေဖြင့် ကုမ္ပဏီအချင်းချင်း ယှဉ်ပြိုင်ဝန်ဆောင်မှုပေးရာတွင် တစ်ယောက်တည်းက လက်ဝါးကြီးအုပ်ခြင်းမျိုး မဖြစ်ပေါ်အောင် အချင်းချင်းညှိနှိုင်း၊ ဈေးနှုန်းညှိနှိုင်း ၍ ရောင်းချခြင်းမျိုးမဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



ref: ထွန်းထွန်း

0 comments:

Post a Comment