Powered by Blog - Widget

Friday, May 23, 2014

Kinect မပါသော Xbox One ကို ဒေါ်လာတစ်ရာလျှော့ချ၍ မိုက်ခရိုဆော့ဖ် မိတ်ဆက်



Aung Ko Htet (MM IT Knowledge)


မိုက်ခရိုဆော့ဟာ မဟာပြိုင်ဘက် ဆိုနီနဲ့ယှဉ်ပြိုင်ဖို့အတွက် ၄င်းတို့ရဲ့Xbox One ဂိမ်းစက်ရောင်းဈေး ကို ဒေါ်လာ ၁၀၀ လျှော့ချလိုက်ပါတယ်။ ဒါပေမယ့်လဲ ဈေးနှုန်းလျှော့ချလိုက်တဲ့ အတွက် Xbox One မှာတစ်ပါတည်းပါဝင်တဲ့ Kinect Motion Sensor ကိုတော့ ဈေးချိုတဲ့ bundle မှဖယ်ရှားပေးထားမှာပါ။

ဇွန်လ ၉ရက်နေ့မှစတင်ပြီး PS4 နဲ့ ဈေးနှုန်းအတူ ဒေါ်လာ ၃၉၉ နဲ့ရောင်းချသွားမှာဖြစ်ကာ မိုက်ခရိုဆော့ဖ်က Netflix ကဲ့သို့ ဖျော်ဖြေရေး App တွေကို Xbox One ဗားရှင်းနှစ်မျိုးလုံးနဲ့ Xbox 360 အဟောင်းတွေမှာပါ Gold Membership မပါဘဲ အခမဲ့ အသုံးပြုခွင့်ပေးသွားဦးမယ်လို့ဆိုပါတယ်။ Gold Membership ဟာ ကစားသူကို တစ်နှစ် ဒေါ်လာ ၆၀ ကျသင့်စေပါတယ်။မတ်လမှာ Xbox အကြီးအကဲဖြစ်လာတဲ့ Phil Spencer မှ မန်ဘာစနစ်ဟာ multiplayer game mode တွေ အတွက် ဆက်လက် လိုအပ်ဦးမှာဖြစ်ပေမယ့် အခမဲ့ ဂိမ်းတွေနဲ့ ဈေးလျှော့ချမှုတွေကို ထပ်မံ ကမ်းလှမ်းသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ၄င်းရဲ့ အင်တာဗျူးမှာ Kinect မပါတဲ့ Xbox One တွေဟာ ပရိသတ်တွေလက်ထဲ ပိုပြီးများများရောက်ရှိလာနိုင်ဖို့ အရေးပါတဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ဆိုပါတယ်။တတ်နိုင်သလောက် လူတွေများများ ဝယ်ယူနိုင်ဖို့ သင့်တော်တဲ့ ဈေးနှုန်းဟာ အရေးပါတယ်လို့ဆိုတယ်။

မိုက်ခရိုဆော့ဖ်မှ လွန်ခဲ့တဲ့လ Xbox One ရောင်းအားဟာ ၁.၂ သန်းထိနှေးကွေးကျဆင်းလာပြီး အားလပ်ရက် ရာသီတုန်းက ၃.၉ သန်းထိရောင်းချခဲ့ရတယ်။ နိုဝင်ဘာလမှာ ဆိုနီရဲ့ Play Station 4 နဲ့အတူ ဈေးကွက်ထဲဖြန့်ချိခဲ့ပေမယ့် လက်ရှိအချိန်မှာ အလုံးရေ ၅.၁ သန်း ရောင်းချထားပြီး ၇ သန်းကျော် ရောင်းထားရတဲ့ PS4 ရဲ့နောက်မှာ ကျန် ခဲ့တာကြောင့် ဒီလိုဆုံးဖြတ်ချက်ကို ချလိုက် တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Killer Instinct အစရှိတဲ့ အဓိကဂိမ်းအများစုဟာ Kinect Sensor မပါဘဲလည်း ဆော့ကစားနိုင်တာကြောင့် ပိုပြီး ဈေးချိုတဲ့ Xbox One များဟာ ဈေးကွက် ကို ပြန်စိုး မိုးနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

Ref: Dailymail
ကြည်သာမောင် (TSJ Tech Team)

0 comments:

Post a Comment