Powered by Blog - Widget

Wednesday, May 21, 2014

ကွန်ပျူတာ ဘာသာရပ်ပါ သင်ကြားပေးမည့် မိုဘိုင်းပညာရေးအစီအစဉ် ဒုတိယအကြိမ် စတင်တော့မည်



Aung Ko Htet (MM IT Knowledge)



ရန်ကုန်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသော ကလေးအလုပ်သမားများအတွက် ဒုတိယအကြိမ်မြောက် မိုလ်ဘိုင်းစာသင်ခန်းဖြင့် ကျောင်းပြင်ပပညာ သင်ပေးသည့် အစီအစဉ်ကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။



၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွင်း ပြုလုပ်မည့် အဆိုပါ မိုလ်ဘိုင်းစာသင်ခန်းမဖြင့် စာသင်ကြားပေးသည့် အစီအစဉ်သည် အရွယ်မရောက်သေးမီ အလုပ်လုပ်ကိုင်နေကြရသည့် ကျောင်းနေအရွယ် ကလေးများအား ဘတ်စ်ကားများပေါ်တွင် စာသင်ပေးကြားခြင်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က ပထမဆုံးအကြိမ်အဖြစ် myME လူမှုရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။



ကျောင်းပြင်ပ အခြေခံပညာသင်ကြားမှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် စီစဉ်သည့် အဆိုပါ myME စီမံကိန်းသည် ခေတ်မှီပြီး ထိရောက်သည့် နည်းစနစ်များဖြင့် စာသင်ကြားပေးမည်ဖြစ်ပြီး ကွန်ပျူတာပညာရပ်ကိုလည်း သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါ လူမှုရေးအဖွဲ့၏ တာဝန်ရှိသူထံမှ သိရသည်။



ထို့အပြင် ကျောင်းမတက်ရောက်နိုင်သည့် ကလေးများကို အထွေထွေ ဗဟုသုတများရှိစေရန်နှင့် အခြေခံစာပေပညာရပ်များကိုပါ  သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားသည့် လူငယ်များက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး စာသင်ကြားပေးမည့် အချိန်များမှာ ညနေပိုင်းများ ဖြစ်သည်။



“ကျောင်းနေအရွယ်မှာ စာသင်ကြားခြင်း မပြုလုပ်နိုင်တဲ့ ကလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုလေးစားမှုနဲ့ အတွေးအခေါ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ရည်ရွယ်ပါတယ်။ မျှော်လင့်ပါတယ်” ဟု myME လူမှုရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။



စာသင်ကြားခြင်း မပြုလုပ်နိုင်သည့် ကျောင်းနေအရွယ်ကလေးများကို အခမဲ့ ပညာသင်ကြားပေးသည့် myME ကဲ့သို့ လူမှုရေး အဖွဲ့အစည်းပေါ်ပေါက်လာပြီး မကြာသေးမီအချိန်က လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသော လူငယ်အချို့က လမ်းမများပေါ်တွင် ဈေးရောင်းကာ ဝင်ငွေရှာနေရသော ကျောင်းနေအရွယ်ကလေးများကို စာသင်ကြားပေးမှုများကို ပြုလုပ်လာကြသည်။



ref: ယုဇနကိုကို

0 comments:

Post a Comment