Powered by Blog - Widget

Wednesday, May 28, 2014

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် GSM/ UMTS စခန်းများ တည်ဆောက်လျက်ရှိ




Aung Ko Htet (MM IT Knowledge)



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် GSM/UMTS  စခန်းများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။



မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ မုန်တိုင်ရွာအနီးနှင့် မိထ္ထီလာခရိုင်၊ ရေဝေရွာ အနီးတွင် GSM/UMTS စခန်းများ တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါနေရာများတွင် ဆိုလာပါဝါစနစ်ကို အသုံးပြု၍ ဆက်သွယ်မှု အမြဲမပြတ်တောက်စေရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံတွင်လည်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး၊ ဆောမြို့အော်တိုအိတ်ချိန်းစခန်း၊ GSM/UMTS စခန်း၊ စာတိုက်၊ ကြေးနန်းစခန်းများတွင်လည်း MPT Satellite တပ်ဆင်ထားရှိမှုအား လျှပ်စစ်စွမ်းအင်အစားထိုး နေရောင်ခြည်သုံး ဆိုလာစွမ်းအင်များဖြင့် တွဲဖက်အသုံးပြုမည့် Battery များ အစဉ်ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားခဲ့သည်ဟု သိရသည်။



ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တယ်လီဖုန်းအိတ်ချိန်းရုံး၊ မကွေးတိုင်းပေါက်မြို့တယ်လီဖုန်းအိတ်ချိန်းရုံးများတွင်လည်း MPT Satellite ထားရှိမှု အဝေးဆက်ကြောင်းများ အမြဲကောင်းမွန်စေရေးနှင့် စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရေး လိုအပ်သည်တို့ကို ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အော်တိုအိတ်ချိန်းစခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ GSM/UMTS စခန်း၊ စစ်ကိုင်းမြို့ စာတိုက်စခန်း၊ အော်တိုအိတ်ချိန်းစခန်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ အော်တိုအိတ်ချိန်းစခန်းများသို့လည်း ပြည်ထောင်စုဝန်ကြီးရောက်ရှိခဲ့ပြီး ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးစနစ်အား ရရှိသုံးစွဲနိုင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု ဆိုသည်။



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်း သတင်းထုတ်ပြန်ချက်အရ အထက်ပါအချက်များကို ဖော်ပြထားခြင်းဖြစ်သည်။



ref: ထွန်းထွန်း

0 comments:

Post a Comment