Powered by Blog - Widget

Sunday, May 11, 2014

Alcometer ပါရှိသည့် SCANIA ကားများ သီတင်းကျွတ်လဆန်းပိုင်းတွင် ဝင်ရောက်နိုင်



Aung Ko Htet (MM IT Knowledge)

Alcometer ခေါ် အရက်သောက်သုံးထားခြင်း ရှိ၊ မရှိတိုင်းတာသည့် စနစ်ပါရှိသော SCANIA ကားများ သီတင်းကျွတ်လဆန်းပိုင်းတွင် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း SCANIA မှ တာဝန်ရှိသူ၏ ပြောကြား
ချက်အရ သိရသည်။ အဆိုပါ Alcometer ပါရှိသည့် SCANIA ကားများတွင် ယာဉ်မောင်းနှင်သူမှ ပထမဦးစွာ Alcometer ဖြင့် စစ်ဆေးရမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးချက်ပြီးစီးမှသာ ကားအင်ဂျင်စက်နှိုးခြင်းကိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး (Alcohol) အရက်သောက်သုံးထားခြင်းရှိပါကလည်း အင်ဂျင်စက်နှိုးခြင်းကို ရပ်တန့်ထားမည်ဖြစ်ကြောင်း သိရသည်။



“ကျွန်တော်တို့အနေနဲ့  Safety ကို အဓိကထားလုပ်ဆောင်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ယာဉ်ပိုင်းဆိုင်ရာတွေကိုလည်း အသေးစိတ်ထိန်းသိမ်းပါတယ်။ မောင်းနှင်သူတွေရဲ့ကျွမ်းကျင်မှုနဲ့ Safety ဖြစ်စေမယ့် အရာတွေအားလုံးကို လုပ်ဆောင်ပါတယ်။ လက်ရှိကားတွေမှာလည်း Speed Limited သက်မှတ်ခြင်းနဲ့ အခြားအီလက်ထရောနစ် စနစ်များစွာ ထည့်သွင်းထားပါတယ်။ နောက်ပိုင်းကားတွေ မှာတော့ Alcometer အပြင် Adaptive cruise control စနစ်တစ်မျိုးလည်း ပါရှိလာမှာပါ။ Adaptive crusie control မှာဆိုရင် မိမိရှေ့ကားကို အလိုအလျောက် ထောက်လှမ်းနေမှာ ဖြစ်ပါတယ်။ သက်မှတ် အကွာအဝေး နီးကပ်လာတာနဲ့ ကားအရှိန်ကို လျှော့ချပေးမှာပါ” ဟု SCANIA မှ တာဝန်ရှိသူက အသေးစိတ်ရှင်းပြခဲ့သည်။

ref;-မိုးသူ

0 comments:

Post a Comment