Powered by Blog - Widget

Monday, September 8, 2014

Huawei က Octa-Core Ascend Mate 7 Phablet ကို ကြေညာ




Aung Ko Htet (MM IT Knowledge)
 

Huawei က Ascend Mate အမျိုးအစား Phablet အသစ်တစ်ခု ဖြစ်သော Ascend Mate 7 ကိုကြေညာလိုက်ပါသည်။ Mate 7 တွင် ခြောက်လက်မအရွယ် 1080p Full HD Resolution Display တပ်ဆင်ထားပြီး ဘေးဘောင်များမှာ အလွန်သေးငယ်စေရန် ပြုလုပ်ထားပါသည်။

1.8GHz Cortex-A15 Core လေးလုံးနှင့် 1.3GHz Cortex-A7 Core လေးလုံး တပ်ဆင်ထားသော Huawei ၏ ကိုယ်ပိုင် Octa-Core Kirin 925 Processor ပါရှိပါသည်။ Mali-T628 GPU , 2GB RAM ပါရှိပါသည်။ 16 or 32GB Internal Storage နှစ်မျိုးထုတ်လုပ်ပေးထားပြီး 32GB အမျိုးအစားတွင် 3GB RAM ပါရှိပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 4100mAh Battery ပါရှိပါသည်။ Android 4.4 KitKat ကို Huawei EMUI V3.0 နှင့် တွဲဖက် အသုံးပြုထားပါသည်။

Huawei Ascend Mate 7 ကို စက်တင်ဘာလတွင် ရောင်းချပေးမည် ဖြစ်သည်။ 16GB Model ကို ယူရို ၄၉၉ ၊ 32GB Model ကို ယူရို ၅၉၉ ဖြင့်ရောင်းချမည် ဖြစ်သည်။ အနက်၊ ငွေနှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။


credit to MDG

0 comments:

Post a Comment