Powered by Blog - Widget

Tuesday, May 13, 2014

လျှပ်စစ် စီးကြောင်း က အိပ်မက်များ ကို ထိန်းချုပ်နိုင်



Aung Ko Htet (MM IT Knowledge)


လျှပ်စစ် စီးကြောင်း အနည်းငယ် က လူများ ၏ အိပ်မက်များ ကို ထိန်းချုပ်နိုင်သည် ကို သုတေသနပညာရှင်များ က ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ဂျာမနီ နိုင်ငံ Goethe University Frankfurt မှ ပညာရှင်များ က အိပ်နေသူ ၏ ဦးခေါင်း အရှေ့ဘက်ခြမ်းရှိ ဦးရေခွံ ကို လျှပ်စစ် စီးကြောင်း စီးဆင်းစေခြင်းဖြင့် ထိုသူက အိပ်မက်များ ကို ထိန်းချုပ်နိုင်သည် ကို တွေ့ရှိခဲ့ပါသည်။ အိပ်နေသူ က အိပ်မက် ကို ရှင်းလင်းစွာ မှတ်မိနေပြီး အခြား လူတစ်ယောက်အနေဖြင့် အိပ်မက် ကို ကြည့်မြင်နိုင်ပါသည်။

သုတေသန အဖွဲ့သည် အိပ်မက်များကို ရှင်းလင်းစွာ သိမြင်လေ့မရှိသည့် လူ (၂၇) ယောက်ကို အိပ်စက်စေခဲ့ပြီး မတူညီသည့် လျှပ်စစ် ပမာဏများ ကို ဦးခေါင်းခွံသို့ စီးဆင်းစေခဲ့ပါသည်။ အဆိုပါ လူများသည် အိပ်မက်များကို ရှင်းလင်းစွာ သိမြင်ခဲ့ပြီး အိပ်မက် ကို ထိန်းချုပ်နိုင်ခဲ့ပါသည်။
အဆိုပါ တွေ့ရှိမှု သည် စိတ်ရောဂါ နှင့် သက်ဆိုင်သော သုတေသနများ အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းမည် ဖြစ်သည်။

ref: သူရ

0 comments:

Post a Comment