Aung Ko Htet (MM IT Knowledge)
ဆာ ဂျိမ်းမ် ဂျော့ စကော့ဒ်(Sir James George Scott) (၂၅ ဒီဇင်ဘာလ ၁၈၅၁ ခုနှစ် - ၄ ဧပြီလ ၁၉၃၅ ခုနှစ်) သည် စကော့တလန်လူမျိုး သတင်းစာဆရာတစ်ဦး ဖြစ်သည်သာမက မြန်မာနိုင်ငံ၌ ဗြိတိသျှ လက်အောက်ခံ ကိုလိုနီအုပ်ချုပ်ရေးကို တည်ထောင် ရာတွင် အကူအညီပေးခဲ့သော ကိုလိုနီနိုင်ငံ၏ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံကို ဘောလုံးအားကစားနှင့် စတင်မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါသည်။
“ငယ်ဘဝ”
ဂျိမ်း ဂျော့ စကော့(ဒ်) သည် ဒယ်ဆီး(Dairsie) အရပ်၌ မွေးဖွားခဲ့သော ဒုတိယမြောက် သားရတနာ တစ်ဦးဖြစ်၍ ဖခင်ဖြစ်သူမှာ စကော့တလန် ခရစ်ယာန်ဂိုဏ်း၏သင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ အစ်ကိုကြီးဖြစ်သူ ရောဘတ် ဖော်ဆစ် စကော့ဒ်(Robert Forsyth Scott) မှာနောင်အခါတွင် ကိန်းဘရစ်ခ်ျ ရှိ စိန့်ဂျွန်ကောလိပ် တွင် ကျောင်းဆရာတစ်ဦး ဖြစ်လာပါသည်။ ၄င်းတို့ ညီအစ်ကို နှစ်ဦးစလုံးသည် Stuttgart (စတုဂတ်) တွင် ပညာသင်ကြားခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဝက်အ်တန်ဘတ် (Wurttemberg) ၏ မြို့တော်သို့ပြောင်းရွေ့ခဲ့ကြသည်။
“သတင်းစာဆရာ၊ စာရေးဆရာဘဝ”
သူသည် ပထမတွင် သတင်းစာဆရာတစ်ဦးအနေဖြင့် စတင်ခဲ့သည်။ ၁၈၇၅ ခုနှစ်၊ ပီရက် (Perak) ၌ ဖြစ်ပွားခဲ့သော ဂျေ ဒဗလျူ ဒဗလျူ ဘခ်ျ (J. W. W. Birch)၏ လူသတ်မှုကို ပြန်လည်၍ လက်စားချေ သောသတင်းကို လန်ဒန် အီးဗနင်း စတန်းတက်ဒ် (Evening Standard) ဟု အမည်ရသည့် သတင်း စာတစ်စောင်၌ ရေးသားခဲ့သည်။
ထို့နောက် သူသည် လန်ဒန် ဒေးလီးနယူး (Daily News)နှင့် စိန့်ဂျိမ်း(စ်)ဂေဇက် (St James's Gazette)ဟု အမည်ရသော သတင်းစာများအတွက် အများအားဖြင့် ရန်ကုန်မြို့တွင်နေ၍သော်လည်းကောင်း၊ မန္တလေးမြို့သို့ ခရီးသွားရင်းဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံမှနေ၍ သတင်းများကို ပေးပို့ခဲ့သည်။
သူသည် မြန်မာပြည်တွင် ၁၈၈၂ ခုနှစ်တိုင်အောင် နေထိုင်ခဲ့ပြီး၊ ထိုသို့နေထိုင်စဉ်အတောအတွင်း အချိန်ကာလအများစုမှာ ရန်ကုန်မြို့ရှိ စိန့်ဂျွန်ကော လိပ်၌ ကျောင်းဆရာတစ်ဦး (ယာယီကျောင်းအုပ်)အနေဖြင့် ဆောင်ရွက်ခဲ့သည်။
သူ၏ အကျော် ကြားဆုံးစာအုပ်၊ မြန်မာပြည်သားကလောင်အမည်ဖြင့် “သူ့ဘဝနှင့် ထင်မြင်ယူဆ ချက်များ”ကို ထိုအချိန်အတွင်း အမည်ဝှက်ဖြင့် ထုတ်ဝေခဲ့သည့်အတွက် လန်ဒန်စာပေလောကအတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့သော် လည်း ရန်ကုန်ပြည်သူများအတွက်မူ လျှိုဝှက်ချက် တစ်စုံတစ်ရာ မဟုတ်ပါ။
၁၈၈၄ ခုနှစ်တွင် အချိန်ပြည့်သတင်းစာသမားတစ်ဦးထပ်မံဖြစ်ခဲ့ပြီး Tongking (တွန်ကင်း) (ယခု ဗီယက်နမ်မြောက်ပိုင်း) ကို ပြင်သစ်တို့ တိုက်ခိုက်သိမ်းပိုက်သည့်အကြောင်းအရာ သတင်းအချက် အလက်များအား အီးဗနင်းစတန်းဒက် သတင်းစာအတွက် နောက်ထပ်တစ်ဖန်သတင်းပေးပို့နေခဲ့ ပါသည်။ ထိုအချိန်သည် နောင်အခါ ကိန်းဘရစ်ခ်ျတက္ကသိုလ် စာကြည့်တိုက်တွင် စကော့(ဒ်) ၏ စုဆောင်းချက်များအနေဖြင့် ဖြစ်လာစေမည့် လက်ရေးစာမူများ၊ ပေါ်ပင်ပစ္စည်းများနှင့် အတည်မပြုနိုင် သေးသော အချက်အလက်များကို စတင်စုဆောင်းနေသည့် ကာလလည်းဖြစ်ပါသည်။
“အုပ်ချုပ်ရေးပိုင်း”
ဗြိတိသျှတို့ အထက်မြန်မာပြည်ကို သိမ်းပိုက်သည့်အချိန်တွင် စကော့(ဒ်)သည် လက်အောက်ခံ ကိုလိုနီမြို့ပြအုပ်ချုပ်ရေး၏ ဗဟိုအချက်အချာဖြစ်သော ဘားမားကော်မရှင်သို့ ဝင်ရောက်ရန် ကမ်းလှမ်းခြင်းခံရသည့်အတွက် သူသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တစ်ဖန်ပြန်လာခဲ့သည်။ ကနဦး၌ သူသည် မန္တလေးမြို့၊ မိထ္တီလာမြို့ နှင့် လှိုင်းတက်မြို့များ၌ နေထိုင်ခဲ့သည်။
ဘောင်းဘီဝတ်သူများဟုအဓိပ္ပါယ်ရသောစာအုပ်တွင် ဗြိတိသျှအင်ပါယာ၏ လောင်းရိပ်အောက်ရှိ မြန်မာနိုင်ငံပုံဝတ္ထုတစ်ခုတွင် Andrew Marshall (အင်ဒရူး မာရှယ်) သည် စကော့(ဒ်)၏ စွန့်စားမှုများအား ပြန်လည်ဖော်ပြရာ ၌ ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေးကို မြေပုံတွင်မပါဝင်သော တောကြီးမှတဆင့် ရှမ်းပြည်နယ်တွင် တည်ထောင်ခဲ့သော သူ၏နည်းလမ်းကို မြှောက်ပင့်၍ လည်း ကောင်း၊ အပြစ်တင်၍ လည်းကောင်း ရေးသားခြင်း ခံ ခဲ့ရသည်။
သူ့၏အုပ်ချုပ်ရေးတာဝန်သည် စတက်မန်းခံတပ်တွင် ပထမဦးစွာ စတင်ခဲ့ပြီးနောက် မကြာမီတွင် တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ စကော့(ဒ်) အစ်ကို၏ဇနီးသည် မုဆိုးမဖြစ်သူ အမျိုးသမီးက စကော့(ဒ်) စုဆောင်းထားသည့် အရာများ ဖြစ်သည့် လက်ရေးစာမူများနှင့် မှတ်တမ်းမှတ်ရာများကို ၁၉၃၄ ခုနှစ်တွင် ကိန်းဘရစ်ခ်ျ တက္ကသိုလ် စာကြည့်တိုက်သို့ ပေးပို့ခဲ့သည်။
သူသည် ၁၉၀၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ လက်ထောက်ကော်မရှင်နာမင်းကြီး ဖြစ်လာသည့်အခါ သူကောင်းပြုခြင်းခံရခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့် နောက် စာရို ဆိုင်မန်(Sao Saimong) နှင့် အင်ဒရူး ဒယ်ဘီ (Andrew Dalby )တို့က စကော့(ဒ်) စုဆောင်းထားသောအရာများကို စာရင်းရေးသွင်းပေး ခဲ့သည်။ သူ၏ဓာတ်ပုံများနှင့် ဒိုင်ယာရီ အချို့သည် အိန္ဒိယရုံး စာကြည့်တိုက် တွင်ရှိသည်။
“မိသားစုအကြောင်း”
စကော့(ဒ်)သည် သုံးကြိမ်တိုင်တိုင် အိမ်ထောင်ပြုခဲ့သည်။ ၄င်း၏ တတိယဇနီးဖြစ်သူမှာ စာရေးဆရာမ ဂီရယ်ဒင်း မစ်တန် (Geraldine Mitton) ဖြစ်ပြီး သူမသည် အသက်ရှင်ကျန်ရစ်ခဲ့ကာ ခင်ပွန်းဖြစ်သူ စကော့(ဒ်)၏ အတ္ထုပ္ပတိကို ရေးသားခဲ့ပါသည်။
Ref: wikipedia.org

0 comments:
Post a Comment