Powered by Blog - Widget

Tuesday, May 13, 2014

အသစ်ထွက်ပေါ်လာသည့် iPhone Lens Kit



Aung Ko Htet (MM IT Knowledge)
 
ကမ္ဘာပေါ်တွင် iPhone ကိုအသုံးပြု၍ ဓာတ်ပုံရိုက်ယူခြင်း၊ ရှယ်ယာလုပ်ခြင်း အစရှိသည်များကို နေ့စဉ်နေ့တိုင်းပြုလုပ်လျက်ရှိသော်လည်း လူတိုင်းအနေဖြင့် iPhone တစ်မျိုးတည်းဖြင့်သာ ၄င်းကိစ္စများကို ပြုလုပ်နေသောကြောင့် ရိုက်ကူးရာတွင် တူညီသော Lens နှင့် Sensor များဖြစ်ခြင်းကြောင့် ရရှိလာသော ဓာတ်ပုံအရည်အသွေးမှာလည်း ကွဲပြားခြားနားမှုမရှိပေ။

၎င်းပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် Bazaared Kit ဟုအမည်ပေးထားသော iPhone နှင့် ပတ်သက်၍ အသုံးပြုနိုင်မည့် Lens ပေါင်းစုံပါဝင်သည့် အိတ်တစ်ခုကိုထုတ်လုပ်ခဲ့ပြီး iPhone နှင့် ဓာတ်ပုံရိုက် သူများအတွက် အမျိုးအစားကောင်းမွန်သော ပုံကောင်းများကို ရရှိစေနိုင်တော့မည် ဖြစ်ပါသည်။

၎င်း Kit တွင် သုံးချောင်းထောက်စင်အသေးစားတစ်ခု၊ iPhone ကာဗာ၊ 2x နှင့် 8x telephoto ၊ 60x Microscope၊ Macro၊ Fish-eye နှင့် Wide Angle အစရှိသည့် Lens များပါဝင်ပါသည်။ လက်ရှိ ဈေးကွက်တွင် Bazaared Kit အား အမေရိကန် ၆၉ ဒေါ်လာဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Ref:GM
WorldWide(BMSTU)

0 comments:

Post a Comment