Powered by Blog - Widget

Monday, September 15, 2014

ဆူညံမှုရှိသော Xbox One ဂိမ်းစက်များကို Microsoft လဲလှယ်ပေးမည်



Aung Ko Htet (MM IT Knowledge)

Microsoft သည် hardware ဆူညံသံများ ထွက်လေ့ရှိသော Xbox One ဂိမ်းစက်အချို့ကို အစားထိုးလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုသို့ဖြစ်ပွားသည့် ဂိမ်းစက်အရေအတွက်သည် အလွန်တရာနည်းပါးပြီး hardware ပြဿ     နာများကြောင့် ဆူညံသံများဖြစ်ပေါ်ခြင်းဖြစ်သည်။ Microsoft အနေဖြင့် Xbox One သုံးစွဲသူများ၏ အရေအတွက် အနည်းငယ်တွင် ဂိမ်းစက်မှ အလွန်တရာကျယ်လောင်သည့် အသံကြားရလေ့ရှိကြောင်းကို သိထားကြောင်း Microsoft ပြောရေးဆိုခွင့်ရှိသူက Gamespot သို့ ပြောကြားခဲ့သည်။

Xbox One ဂိမ်းစက်များကို ဒေသသစ်များသို့ ဖြန့်ချိနေချိန်မှစ၍ သုံးစွဲသူများသည် ပုံမှန်မဟုတ်သည့် Xbox One ဂိမ်းစက်များနှင့်ပတ်သက်ပြီး အွန်လိုင်းဖိုရမ်များတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း Kotaku သတင်းဌာနက ဖော်ပြခဲ့သည်။

-စိုးထက်

Ref: GameSpot

0 comments:

Post a Comment