Tuesday, May 6, 2014
Home »
International News
» Selfie ချစ်သူများ အတွက် Samsung NX Mini
Selfie ချစ်သူများ အတွက် Samsung NX Mini
Aung Ko Htet (MM IT Knowledge)
Selfie ဆိုတာ ဖေ့ဘုတ်ပေါ်လာပြီးတဲ့နောက် လူတော်တော်များများ ပြုလုပ်လာကြတဲ့ ကိုယ်တိုင် ကင်မရာကိုင် ကိုယ်ပုံ ကိုယ်ရိုက်ခြင်း တစ်မျိုးပင်ဖြစ်ပါတယ်။
ဖေ့ဘုတ်မှာမှ မဟုတ်ပဲ တစ်ခြား အသုံး ဆိုရှယ် နက်ဝပ်တွေမှာ လည်း တင်နေရိုက်နေကြတာပါ။ မြန်မာပြည်မှာဆိုရင်တော့ ဖေ့ဘုတ်က Selfie ရိုက်ပြီး တင်ဖို့ အကောင်းဆုံး နေရာတစ်နေရာ ဖြစ်မှာပါ။ အောက်စဖို့ တက္ကသိုလ်က အဘိဓာန် စာအုပ်ထဲတွင် Selfie ဆိုတဲ့ ဝေါဟာ ရကို နှစ်တစ်နှစ်ရဲ့ စကားလုံးဆိုပြီး ထည့်ပြီး ကတည်းက ဒါဟာ သိပ်မထူးဆန်းတော့ပါဘူး။ အခုဖော်ပြမဲ့
Samsung NX Mini မှာ selfie ရိုက်ဖို့ အတွက် (၃) နည်းရှိပါတယ်။
- Normal mode
- Smile shot ( ပြုံးတာနဲ့ ရှပ်တာဟာ အော်တို့ရိုက်မဲ့ Mood )
- Wink shot ( မျက်စိတစ်ဖက် မှိတ် ပြောင်ပြပြီး ၃ စက္ကန့် အချိန်နဲ့ သွားမဲ့ Mood ) တို့ ဖြစ်ပါတယ်။
အစိတ်အပိုင်းများ အနေနဲ့ ကတော့ -
- အထူ 0.89 လက်မ
- 5.4 အောင်စ အလေးချိန်
- 20.5 megapixel and 1- inch image sensor
- 1080p HD video (1920 x 1080 resolution )
- 1/16000 shutter speed
- US$449 9mm lens
- $549 (with 9-27mm lens).
built in Wi -Fi ပါရှိပြီး Samsung camera app တွေနဲ့ စမတ်ဖုန်း၊ တပ်ပလတ်တွေကနေ Pair လုပ်နိင်ပါတယ်။ ထူးခြားမူတွေအနေနဲ့ Baby monitor mood တွေလည်းပါဝင်ပါတယ်။ ဆမ်ဆောင်းရဲ့ Home Monitor app နဲ့အလုပ်လုပ်တဲ့ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ Selfie ဆိုပေမဲ့ ရှော့နောက် လှည့်ကာ ကစားနိင်တဲ့ Screen သား ဟိုဘက် ဒီဘက် လှည့်သွားဖြစ်ပြီး ပုံမှန် ရိုးရိုး မူတွေကိုလည်း ရိုက်နိင်ပါမယ်။
ကင်မရာ Lens တွေလည်း တပ်ဆင်သုံးနိင်ပါသေးတယ်။ Flash ပါတဲ့ အတွက် အလင်းရောင် နည်းပါတဲ့နေရာတွေမှာလည်း ရိုက်လို့ ရပါတယ်။
၃ လက်မ ရှိတဲ့ touch Screen LCD ပေါ်တွင် Selfie ရှော့တွေ အတွက် ၁၈၀ ဒီဂရီ ဖက် မူတွေကို လှည့်ပြောင်းနိင်ပါမယ်။
အဖြူ၊ ပန်းရောင်၊ အစိမ်း၊ အညို၊ အမည်းတို့ကို ရွေးနိင်ပါသေးတယ်။
ref: Aung Heine ...
0 comments:
Post a Comment