Powered by Blog - Widget

Friday, May 9, 2014

Vivo X shot



Aung Ko Htet (MM IT Knowledge)
 
ကင်မရာ အသားပေးနဲ့ ကောင်းမွန်လှတဲ့ Vivo တံဆိပ် X shot ဖြစ်ပါတယ်။ တရုတ်ပြင်ပမှာ နည်းနည်းနာမည်သိပ်မရှိပေမဲ့လည်း Vivo ဟာ အမြင်ဆန်းလှပတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
အကောင်းစား အော်ဒီယိုချိပ်စ်တွေနဲ့ နောက်ဆုံးပေါ် ဖုန်းထဲက အစိတ်အပိုင်းတွေကို တပ်ဆင်အသုံးပြုနေတဲ့ brand တစ်ခုပါ။ သူရဲ့ ပြိုင်ဘက် Gionee ဟာ ကမ္ဘာ့ အပါးလွှာဆုံး ဖုန်းမှတ်တမ်းကို မချိုးမီ Vivo က ကမ္ဘာ့ အပါးလွှာဆုံးဖုန်းအမျိုးအစားတောင် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကင်မရာပိုင်းကို အလေးပေးထားတဲ့ X shot ကို မိတ်ဆက်ခဲ့ပါတယ်။
မြန်နှုန်း F/1.8lens ရှိပြီး တည်ငြိမ်စေတဲ့ Mood တွေပါတဲ့ အစိတ်အပိုင်းတွေနဲ့ ထုပ်ပိုးခဲ့တာ ဖြစ်ပါတယ်။

အခြေခံ အစိတ်အပိုင်းတွေကိုဖော်ပြရမယ်ဆိုရင်တော့ X shot ဟာ ဗားရှင်းနှစ်မျိုးနဲ့ လာခဲ့တာဖြစ်ပြီး တစ်မျိုးကတော့ " Flagship ": လို့ခေါ်တဲ့ Qualcomm ရဲ့ Snapdragon 801 လို့ခေါ်တဲ့ ( quad-core,2.5GHz ) နဲ့အတူ 3GB of RAM , ပြီးတော့ အတွင်းသိုလှောင်မူက 32GB built-in နဲ့ ဖြစ်ပါတယ်။ နောက်ထပ် တစ်ခုဖြစ်တဲ့ Elite ဗားရှင်းကတော့ 2.3GHz Snapdragon 800 နဲ့အတူ 2GB of RAM , သိုလှောင်မူ 16GB နဲ့ ဖြစ်ပါတယ်။ နှစ်ခုလုံးက Micro SD 128GBွှထိ စိုက်နိင်ပါမယ်။ လက်တစ်ဆုပ်စားလက်နဲ့ကိုင်ရတာလွယ်ကူစေတဲ့
၅.၂ လက်မ အရွယ်အစားရှိ 1080p LCD မျက်နှာပြင်ကိုလည်း ရရှိပါမယ်။ ဘတ္တရီအနေနဲ့ တောင်ပလှတဲ့ အလူမီနီယံဘောင်တွေနဲ့ ချောမွတ်လှတဲ့ ပလတ်စတစ် ကာဗာထဲမှ 2600mAh ကိုလည်း ရရှိပါမယ်။

ကင်မရာ

အဓိကဖြစ်စေတဲ့ 13 megapixel ထက်ပိုတဲ့ resolution တွေနဲ့ အခြားပေါင်းစပ်မူဖြစ်တဲ့ ပုံရိပ်တည်ငြိမ်စေမူအတွက် stabilize အပါအ၀င် နောကင်ထပ်ပေါင်းစပ်မူတစ်ခုဖြစ်တဲ့ တောက်ပတဲ့ f/1.8 aperture ဒီအပိုင်းဟာ X shot ကို ပိုရောင်းကောင်းစေတဲ့ အချက်ဖြစ်စေပါမယ်။ ဗီဒီယိုအတွက်လည်း 4K ဖမ်းယူမူတွေကို ရရှိပါမယ်။

တရုတ်မှတော့ မေလကုန်မှာ ရရှိမှာ ဖြစ်ပြီး စဦးချင်းမှာ ဒေါ်လာ ၅၆၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။

ref: Aung Heine ..

0 comments:

Post a Comment