Powered by Blog - Widget

Thursday, September 18, 2014

မော်တော်ကား တစ်စီးကို ၄၄ နာရီအတွင်း 3D Printer ဖြင့် ထုတ်လုပ်



Aung Ko Htet (MM IT Knowledge)
 
မဝေးတော့သော အနာဂတ်တွင် ကားအရောင်းဆိုင် သို့သွားပြီး ကားထိုင်ခုံများ အပါအ၀င် နှစ်သက်ရာ ဒီဇိုင်းကို ကွန်ပြူတာမှ ရွေးချယ် ရေးဆွဲနိုင်ပြီး နာရီပိုင်းအတွင်း 3D Printer ဖြင့် တစ်ထိုင်တည်း ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

Local Motors က Strati ဟု အမည်ပေးထားသော မော်တော်ကားကို ကမ္ဘာ့ပထမဆုံး အနေဖြင့် 3D Printer ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ယောက်စီး ကားဖြစ်ပြီး International Manufacturing Technology Show (IMTS) တွင် ပြသခဲ့ခြင်း ဖြစ်ပါသည်။

Ford Motors ၏ အဆိုအရ မော်တော်ကား အများစုတွင် အစိတ်အပိုင်း ငါးထောင်မှ ခြောက်ထောင် ပါရှိပါသည်။ Strati တွင် မော်တာ၊ ဘီး၊ ထိုင်ခုံ ၊ လေကာမှန်နှင့် ကိုယ်ထည် အပါအ၀င် အစိတ်အပိုင်း ၄၉ ခုသာ ပါရှိပါသည်။ 3D Printer များဖြင့် ထုတ်လုပ်သော မော်တော်ကားများစွာ ပေါ်ထွက်ဖူးသော်လည်း Strati သည် မောင်းနှင်၍ရသော ပထမဆုံး 3D Printer ဖြင့် ထုတ်လုပ်သော ကားဖြစ်ပါသည်။ Strati ကို ၄၄ နာရီအတွင်း ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ဖြစ်ပြီး တစ်နာရီလျှင် မိုင်လေးဆယ်နှုန်းဖြင့် တစ်ခါအားသွင်းထားလျှင် မိုင် ၁၂၀ မောင်းနှင်နိုင်ပါသည်။ ၂၀၁၆ ခုနှစ်အတွင်း ဒေါ်လာ ၁၈၀၀၀ နှင့် ၃၄၀၀၀ ကြားတွင် ရောင်းချမည် ဖြစ်သည်။

Local Motors ၏ 3D Printing နည်းပညာဖြင့် ထုတ်လုပ်ထားသော Strati ကို အောက်ပါ ဗီဒီိယိုတွင် လေ့လာနိုင်ပါသည်။

http://www.youtube.com/watch?v=daioWlkH7ZI


Myanmar Digital Life Journal

0 comments:

Post a Comment