Powered by Blog - Widget

Monday, September 15, 2014

မြန်မာ့ဆိုက်ဘာလုံခြုံရေးကူညီရန် မိုက်ကရိုဆော့ဖ်လုံခြုံရေးဆိုင်ရာအရာရှိ လာရောက်



Aung Ko Htet (MM IT Knowledge)

နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Microsoft မှ လုံခြုံရေးဆိုင်ရာ အကြီးတန်းအရာရှိ Pierre Noel သည် မြန်မာနိုင်ငံ၌ ဆိုက်ဘာလုံခြုံရေး (National Cyber Security)ကို အကောင်အထည်ဖော်နိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယခုလအတွင်း လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဆိုက်ဘာလုံခြုံရေးအတွက် လိုအပ်တဲ့မူကြမ်းကို ရေးဆွဲပြီးတော့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ထားပါတယ်။ အခုက မူကြမ်းကို နောက်ဆုံးအဆင့်အနေနဲ့ အပြီးသတ်နိုင်ဖို့အတွက် သူကိုယ်တိုင်လာပြီး တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်’’ဟု Microsoft ၏ Market Development Partner ကုမ္ပဏီ (KC)မှ Executive Director ဦးကျော်အေးနိုင်က ပြောသည်။
မြန်မာနိုင်ငံသည် ဆိုက်ဘာလုံခြုံရေးအတွက် ဥပဒေမရှိသေး အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသောကြောင့် Microsoft အနေဖြင့်  National Cyber Security အတွက် လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံမူဘောင်များကို မူကြမ်းရေးဆွဲ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ၂၀၁၃ ဧပြီလမှစ၍ တန်ဖိုးနည်းဖုန်းများ ချထားပေးပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေမှာ များပြားလာသလို ယခုနှစ်အတွင်း ပြည်ပဆက်သွယ်ရေးအော်ပရေတာများ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးတော့မည်ဖြစ်သောကြောင့် အသုံးပြုသူများ၏ ဆိုက်ဘာလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်မှုများရှိရန် လိုအပ်ကြောင်း ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းကပြောသည်။

‘‘အခုလက်ရှိမှာ ဆိုက်ဘာမှုခင်းတွေက အများကြီးမရှိပေမယ့် နောက်ပိုင်းကျ အင်တာနက်မြန်နှုန်းတွေ မြင့်လာပြီဆိုရင် အခြားနိုင်ငံတွေမှာလို ဖြစ်လာနိုင်တယ်။ အသုံးပြုသူတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေက အရမ်းအရေးကြီးတယ်ဆိုတာကို အသိပညာပေးဖို့လည်း လိုအပ်နေပါတယ်’’ဟု ဦးဇော်ဝင်းထွန်းကပြောသည်။

credit to 7 daily 

0 comments:

Post a Comment