Powered by Blog - Widget

Monday, September 15, 2014

Instagram အပါအဝင် Android app များတွင် အချက်အလက် ပေါက်ကြားမှု ဖြစ်ပွားခဲ့ဟု သုတေသီများဆို



Aung Ko Htet (MM IT Knowledge)

New Heaven တက္ကသိုလ်ရှိ သုတေသီများသည် Instagram, Vine, Nimbuzz, Oo Voo, Voxer နှင့် အခြား Android များ၏ host တွင်အချက်အလက် ပေါက်ကြားမှုများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့အချက်အလက် ပေါက်ကြားမှုများတွင် ဝက်ဘ်ဆိုက်ပေါ်ရှိ unencrypt  ပုံစံဖြင့် ဗွီဒီယိုနှင့်ဓာတ်ပုံများ သိမ်းဆည်းခြင်း၊ ထုတ်ကုန်ပေါ်တွင် chat log များသိမ်းဆည်းခြင်း၊ သုံးစွဲသူများရယူခြင်း မရှိသော  app သုံးစွဲမှုတွင် screenshot  များကို သိမ်းဆည်းခြင်း စသည့်ပြဿနာများလည်း ပါဝင်သည်။ သုတေသီများ အနေဖြင့် ၎င်းပြဿနာများကို ငါးရက်ကျော်အချိန်ယူ၍ အသေးစိတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးဗွီဒီယိုများ ရိုက်ကူးထားသည်။ အဆိုပါဗွီဒီယိုများကို တက္ကသိုလ်၏ ဆိုက်ဘာလုံခြုံရေး သုတေသနနှင့် ပညာရေးအဖွဲ့၏ YouTube cha-nnel တွင် upload ပြုလုပ်ထားသည်။

လူများသည် သူငယ်ချင်းများဆီသို့ message များ၊ ဓာတ်ပုံများနှင့် တည်နေရာများကို ပေးပို့နေသည့် app များကို တစ်ကိုယ်ရည်သုံးအဖြစ် မှတ်ယူထားကြသော်လည်း လက်တွေ့တွင် ၎င်းကဲ့သို့မဟုတ်ကြောင်း ဆိုက်ဘာလုံခြုံရေး သုတေသနနှင့် ပညာရေးအဖွဲ့၏ ဒါရိုက်တာ အီဗရာဟင်ဘတ်ဂီလီက ပြောဆိုခဲ့သည်။ ထို့အပြင် ယခုနှစ်အစောပိုင်းတွင် ၎င်းအဖွဲ့အနေဖြင့် Viber text-messaging app တွင် privacy ပြဿနာများရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

-စိုးထက်
Ref : CNET

0 comments:

Post a Comment