Powered by Blog - Widget

Monday, September 8, 2014

Motorola က Specification များပိုမိုကောင်းမွန်သော Moto G အမျိုးအစားအသစ် စမတ်ဖုန်းကို ကြေညာ



Aung Ko Htet (MM IT Knowledge)

Motorola က ယခင်ထုတ်လုပ်ရောင်းချခဲ့သော Moto G စမတ်ဖုန်းကို အဆင့်မြှင့်ပြီး ထုတ်လုပ်ပေးလိုက်သော်လည်း ဒေါ်လာ ၁၇၉.၉၉ ဖြင့်ရောင်းချမည် ဖြစ်သဖြင့် ဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိဟု သိရပါသည်။

Moto G အသစ်တွင် ငါးလက်မ 720p IPS Display တပ်ဆင်ထားပြီး Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ မျက်နှာပြင်တွင် စပီကာနှစ်ခုတပ်ဆင်ထားပြီး ကြည့်ကောင်းသည်ဟု သိရပါသည်။

ပထမမျိုးဆက်ကဲ့သို့ပင် Moto G တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 Chipset ပါရှိပါသည်။ Adreno 305 GPU, 1GB RAM ပါရှိပါသည်။ Internal Storage မှာ 8GB သို့မဟုတ် 16GB ရွေးချယ်နိုင်ပြီး MicroSD Card အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera တပ်ဆင်ထားပါသည်။ အသံခလုတ်ကို နှိပ်ပြီး ဓါတ်ပုံရိုက်နိုင်ပါသည်။

Android 4.4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Android L ထွက်ရှိလျှင် အဆင့်မြှင့်ပေးမည်ဟု Motorola က ကတိပေးထားပါသည်။
အရွယ်အစား အပြည့်အစုံမှာ 70.7mm x 141.5mm x 6.0-11.0mm ဖြစ်ပြီး ၁၄၉ ဂရမ် အလေးချိန်ရှိပါသည်။ 2070mAh Battery ကို အသေတပ်ထားပါသည်။

စိတ်ကြိုက်ရွေးချယ်နိုင်သော Cases နှင့် Covers များ ထုတ်လုပ်ပေးထားပါသည်။ External Battery ကို ဒေါ်လာ ၃၉.၉၉ ဖြင့်ရောင်းချပေးမည် ဖြစ်သည်။
အမေရိကန် အပြင် အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ ဘရာဇီး၊ စပိန်နှင့် ဂျာမနီနိုင်ငံများတွင် ရောင်းချပေးမည် ဖြစ်သည်။ ယခုနှစ်မကုန်မီတွင် အခြားနိုင်ငံများတွင် တိုးချဲ့ရောင်းချမည်ဟု သိရပါသည်။


credit MDG

0 comments:

Post a Comment