Powered by Blog - Widget

Monday, September 15, 2014

iOS 8 ကို upgrade ပြုလုပ်မည့် iPhone နှင့် iPad များအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်း



Aung Ko Htet (MM IT Knowledge)

ဇွန်လက ကျင်းပပြုလုပ်ခဲ့သည့် Worldwide Developers Conference (WWDC) တွင် မိတ်ဆက်ပေးခဲ့သည့် Apple ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သော iOS 8 ကို စက်တင်ဘာ ၁၇ ရက်တွင် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။ အဆိုပါ iOS 8 တွင် အဆင့်မြှင့်ထားသည့် Siri voice assistant နှင့် notification များအပြင် ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် app အသစ်နှင့် အခြားအရာများ ပါဝင်လာမည် ဖြစ်သည်။

ထို့ကြောင့် iOS 8 ထွက်ရှိသည့်အခါတွင် upgrade ပြုလုပ်သည့်အခါ အဆင်သင့် ဖြစ်စေရန်အတွက် ပြုလုပ်ထားရမည့် ကြိုတင်ပြင်ဆင်မှုများကို ဖော်ပြလိုက်ပါသည်။
(၁) iOS 8 ကို သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
iOS 8 ကို Apple ထုတ်ကုန်တိုင်းတွင် အသုံးမပြုနိုင်ပါ။ Original iPad နှင့် iPhone 4 တို့ကို သုံးစွဲသူများအနေဖြင့် iOS 8 ကို အသုံးပြုရန် အတွက် ထုတ်ကုန်အသစ်ကို ပြောင်းလဲ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ iOS အသုံးပြုနိုင်သည့် ထုတ်ကုန်များမှာ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, iPad 3, iPad 4, iPad Air, iPod Touch 5, iPad Mini, iPad Mini Retina တို့ဖြစ်သည်။


(၂) နေရာလွတ်ရှိအောင် ပြုလုပ်ပါ။
iOS 7 ကို ကြိုးမဲ့စနစ်ဖြင့် update ပြုလုပ်သည့်အခါ 700MB နီးပါးခန့်ရှိသည်။ သို့သော်လည်း သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်ပေါ်တွင် နေရာလွတ် အနည်းဆုံး 3GB ရှိရန်လိုအပ်သည်။ iOS 8 တွင်လည်း အလားတူ နေရာလွတ် ပမာဏရှိရန်လိုအပ်သည်။

နေရာလွတ်ရရှိရန် အတွက် အသုံးမပြုသည့် app များကို ဖျက်ခြင်း၊ ဓာတ်ပုံများကို iCloud သို့မဟုတ် Dropbox, Google Drive တို့တွင် ရွှေ့ပြောင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်ပုံနှင့် ဗီဒီယို အဟောင်းများကို ဖျက်ပစ်ခြင်းထက် ကွန်ပျူတာထံ ရွှေ့ထားခြင်းဖြင့်လည်း နေရာလွတ်များ ရယူနိုင်သည်။


ဓာတ်ပုံများကို ကွန်ပျူတာပေါ်သို့ ရွှေ့ပြောင်းလိုသည့်အခါ iPhone သို့မဟုတ် iPad ကို USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ MacBook ပေးတွင် iPhoto ကို အသုံးပြုပြီး ဓာတ်ပုံအားလုံးကို ကွန်ပျူအတွင်း import လုပ်ခြင်းဖြင့် ရွှေ့ပြောင်းနိုင်သည်။ Windows ပေါ်တွင် My Computer သို့ဝင်ပြီး Portable Devices section အောက်တွင် DCIM folder ကိုနှိပ်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများကို drag and drop လုပ်ခြင်းဖြင့် ကွန်ပျူတာအတွင်း ရွှေ့ပြောင်းနိုင်သည်။

iOS device တွင် သိုလှောင်မှုပမာဏ မည်မျှရှိသည်ကို သိလိုပါက Settings > Genral > Usage တွင် ကြည့်ရှုနိုင်သည်။

(၃) Update များကို စစ်ဆေးပါ။
iOS 8 ကို ကြိုးမဲ့စနစ် (over-the-air) ဖြင့် update ပြုလုပ်လိုသည့်အခါ Settings > General > Software Update တွင် ပြုလုပ်နိုင်သည်။ ထို့အပြင် iOS 8 ကို အသုံးပြုသည့်အခါ အဆင်ပြေချောမွေ့မှု ရှိစေရန်အတွက် device ပေးတွင် install လုပ်ထားသော app များကို update ပြုလုပ်ထားသင့်သည်။

(၄) Backup လုပ်ထားပါ။
iOS 8 ကို update ပြုလုပ်စဉ်အတွင်း တစ်စုံတစ်ရာ ပြဿနာ တစ်ခုခု ကြုံတွေ့လာသည့်အခါ အချက်အလက်တွေ ဆုံးရှုံးမှု မရှိစေရန်အတွက် update မပြုလုပ်မီ device ကို backup ပြုလုပ်ထားသင့်သည်။


Backup ပြုလုပ်နိုင်သည့် နည်းလမ်း နှစ်မျိုးရှိသည်။ ပထမနည်းလမ်းမှာ iTunes ကို အသုံးပြုပြီး ကွန်ပျူတာပေါ်တွင် backup ဖိုင်ကို သိမ်းဆည်းထားခြင်း ဖြစ်သည်။ ဒီနည်းလမ်းကို အသုံးပြုရန်အတွက် iTunes နောက်ဆုံး ဗားရှင်းကို install လုပ်ထားရန်လိုသည်။ iPhone သို့မဟုတ် iPad ကို USB cable ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပြီးသည့်နောက် iTunes တွင် device ကို ရွေးပြီး Summary tab တွင် Back Up Now ခလုတ်ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

နောက်ထပ် နည်းလမ်းတစ်ခုက Apple ၏ cloud ဝန်ဆောင်မှုတွင် backup ပြုလုပ်ခြင်း ဖြစ်သည်။ iCloud တွင် Backup ပြုလုပ်လိုသည့်အခါ Wi-Fi ရှိရန်လိုသည်။ ထို့နောက် Settings > iCloud > Storage & Backup တွင် Back Up Now ကိုနှိပ်ပြီး backup ပြုလုပ်နိုင်သည်။

0 comments:

Post a Comment