Powered by Blog - Widget

Monday, September 15, 2014

တရုတ်နိုင်ငံတွင် iPhone 6 ဖြန့်ချိမည့်ရက် ရွှေ့ဆိုင်း



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့သည့် ရက်အနည်းငယ်က Apple က iPhone 6 နှင့် iPhone6 Plus တို့ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရောင်းချပေးနိုင်မည် မဟုတ်ကြောင်း မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီသုံးခုအား အကြောင်းကြားခဲ့သည်။

Apple အနေဖြင့် တရုတ်နိုင်ငံတွင် စမတ်ဖုန်းဖြန့်ချိမည့် ရက်ရွှေ့ဆိုင်းခဲ့ခြင်း အကြောင်းကို ရှင်းလင်းဖော်ပြခဲ့ခြင်း မရှိပေ။ နိုင်ငံတွင်းရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများက iPhone များသည် တရုတ်နိုင်ငံ၌ ရောင်းချရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှခွင့်ပြုချက်မရရှိ ခဲ့ခြင်း  ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်များနှင့် နိုင်ငံပိုင်သတင်းစာ များက အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေး ပြုလုပ်မှုများကို ဖော်ထုတ်ခဲ့သည့် အက်ဒ်ဝပ်စနိုးဒင် ကိစ္စပေါ်ထွက် လာပြီးနောက် နိုင်ငံရပ်ခြား နည်းပညာကုမ္ပဏီများကို စိုးရိမ်မှုမြင့်တက် လာသည်။
ဇွန်လတွင်နိုင်ငံပိုင် မီဒီယာရုပ်သံဖြစ်သော CCTV က iPhone များသည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ထိုစွပ်စွဲပြောကြားချက် များကိုမူ Apple ကငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

-စိုးထက်

Ref: NYTimes

0 comments:

Post a Comment