Powered by Blog - Widget

Monday, September 15, 2014

Apple ၏ပထမဦးဆုံး စမတ်နာရီ (သို့မဟုတ်) Apple Watch



Aung Ko Htet (MM IT Knowledge)

Apple သည် ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်ဈေးကွက် အတွင်းသို့ ဝင်ရောက်ရန် Apple Watch စမတ်နာရီကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကူပါတီနို၌ ထုတ်ဖော်ပြသခဲ့သည်။
Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က စမတ်နာရီ ထုတ်ကုန်သည် တိုးတက်မှုတစ်ရပ်ဖြစ်ပြီး ပြီးပြည့်စုံမှုရှိသော ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးထုတ်ကုန် ဖြစ်သည့်အပြင် Apple TV streaming-box အပါအဝင် အခြားနည်းလမ်းများဖြင့် တွဲဖက်အသုံးပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ စမတ်နာရီကို လာမည့်နှစ်အစောပိုင်းတွင် ဒေါ်လာ ၃၅၉ ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်သည်။ Apple သည် Apple Watch ကိုဒီဇိုင်းသုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး ၎င်းတို့မှာစတီးကိုယ်ထည် Apple Watch, အလူမီနီယမ်ကိုယ်ထည် Apple Watch နှင့် ၁၈ ကာရက်ရှိသည့် ရွှေဖြင့်ပြုလုပ် ထားသောကိုယ်ထည် Apple Watch Edition ဟူ၍ပြသခဲ့သည်။

အဆိုပါ ထုတ်ကုန်များသည် iPhone များဖြင့်ချိတ်ဆက် အသုံးပြုနိုင်ကာ iPhone 5, 5C, 5S, 6 နှင့် 6 Plus များဖြင့် တွဲဖက်အသုံးပြုနိုင်သည်။ ထို့အပြင် ယခုစမတ်နာရီတွင် Apple Pay မိုဘိုင်းငွေပေးချေမှု စနစ်သစ်ကို အသုံးပြုနိုင်ပြီး သုံးစွဲသူများအနေဖြင့် register ပြုလုပ်ကာဝယ်ယူမှုများ ပြုလုပ်နိုင်သည်။
Apple Watch သည်ဝတ်ဆင်သူ၏ လက်ကောက်ဝတ်ကို လှုပ်ရမ်းရုံဖြင့် အာရုံစနစ်များပွင့်ကာ display ပွင့်လာပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သည့် touchscreen မျက်နှာပြင်ကို ပြသပေးသည့်အပြင် app menu များကို ပြင်ဆင်နိုင်သည်။

စမတ်နာရီ၏ ဘေးတစ်ဖက်တွင် ပါဝင်သော digital crown သည် သုံးစွဲသူများကို app အတွင်း အကွာအဝေး ချုံ့နိုင်ချဲ့နိုင်ပြီး alarm သို့မဟုတ် အခြား  feature များကိုချိန်နိုင်သလို home ခလုတ်အဖြစ်လည်း အသုံးပြုနိုင်သည်။ အဆိုပါ Apple Watch display သည် sapphire crystal ဖြင့် ပြုလုပ်ထားကာ ကမ္ဘာပေါ်ရှိ အမာကျောဆုံး အရာဝတ္ထုများထဲမှ တစ်ခုဖြစ်ပြီး ဇိမ်ခံပစ္စည်းနာရီများတွင် အသုံးပြုနေကြသည်။

-စိုးထက်

Ref : CNET

0 comments:

Post a Comment