Powered by Blog - Widget

Thursday, September 18, 2014

Microsoft က Windows အတွက် Xbox Controller ကို ပြသ



Aung Ko Htet (MM IT Knowledge)

Microsoft က Windows အတွက် Xbox Controller နှင့် iPad အပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးအတွက် Mouse နှင့် Keyboard များကို ပြသလိုက်ပါသည်။

Windows အတွက် Xbox Controller တွင် ကွန်ပြူတာ၊ တက်ဘလက်များနှင့် ချိတ်ဆက်ရန် USB ကြိုးပါရှိပါသည်။ ထို့အပြင် ၀င်းဒိုးအတွက် Xbox Controller သည် Xbox ဂိမ်းစက်နှင့် ကြိုး သို့မဟုတ် ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ ပလက်ဖောင်းနှစ်ခုစလုံးတွင် အသုံးပြုနိုင်သော Controller ဖြစ်ပါသည်။ Windows 7 , Windows 8, Windows 8.1 ကွန်ပြူတာများနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၅၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Microsoft က Arc Mouse ကို Bluetooth 4.0 သို့မဟုတ် Bluetooth Smart Technology ဖြင့် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါသည်။ လက်ပုံသဏ္ဍာန်နှင့် ကိုက်ညီရန် Mouse ကို ကွေးကောက်သည့် ပုံသဏ္ဍာန် ပြုလုပ်ပေးထားပါသည်။ Mouse ကို ပြားချပ်သွားစေရန်လည်း ပြုလုပ်နိုင်ပါသည်။ AAA Battery ကို အသုံးပြုနိုင်ပြီး ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ Arc Mouse ကို Windows 8 နှင့် နောက်ပိုင်း ကွန်ပြူတာများနှင့် ချိတ်ဆက်နိုင်ပါသည်။ စက်တင်ဘာလတွင် ဒေါ်လာ ၆၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Android , iOS Device များအပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးနှင့် တွဲဖက် အသုံးပြုနိုင်သော Universal Mobile Keyboard ကိုလည်း Microsoft က ရောင်းချပေးမည် ဖြစ်သည်။ Bluetooth ဆက်သွယ်မှုဖြင့် Device သုံးခုကို လျှင်မြန်စွာ ပြောင်းလဲ ချိတ်ဆက်နိုင်ပါသည်။ ကီးဘုတ်တွင် ကာဗာ ပါရှိပြီး တက်ဘလက်အတွက် Stand အဖြစ် အသုံးပြုနိုင်ပါသည်။ OS X/ iOS မှ Command Key , Android မှ Home Button တို့အပါအ၀င် ပလက်ဖောင်း တစ်ခုချင်းစီ၏ မတူညီသော ကီးများကို ကီးဘုတ်တွင် အသုံးပြုနိုင်သည်ဟု Microsoft က ပြောပါသည်။ တစ်ခါအားသွင်းထားလျှင် ခြောက်လ အသုံးပြုနိုင်ပါသည်။ အောက်တိုဘာလတွင် ဒေါ်လာ ၇၉.၉၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

Microsoft က Wireless Mobile Mouse 3500 ကိုလည်း ထုတ်လုပ်ပေးလိုက်ပါသည်။ ဒီဇိုင်းသုံးမျိုး ထုတ်လုပ်ပေးထားပြီး စက်တင်ဘာလတွင် ဒေါ်လာ ၂၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal
 

0 comments:

Post a Comment