Powered by Blog - Widget

Monday, September 29, 2014

မြန်မာပြည်က စူပါကားများ





 Aung Ko Htet (MM IT Knowledge)

လူဦးရေ သန်း (၆၀) ကျော်နေထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ပုံမှန်ကားဈေးကွက်တွေအနေဖြင့် ဂျပန်ကားဈေးကွက်၊ ဥရောပကားဈေးကွက် စတဲ့ ကားရောင်းဝယ်ဖောက်ကားမှုတွေကို သာမန်ရိုးကျအနေဖြင့် တွေ့မြင်နိုင်ပြီး ထိုထဲမှာမှ တစ်ပတ်ရစ်ကားဈေးကွက်ကို ပိုမို ဦးစားပေး ၀ယ်ယူကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချို့ တစ်ပတ်ရစ်နဲ့ ဈေးသိပ်မကွာလောက်တဲ့ တရုတ်ကားနဲ့ ကိုးရီးယားကားတွေကိုသာ အသစ် ဘရန်တွေ အနေနဲ့ ၀ယ်ယူကြတာကို တွေ့ရပါမယ်။ 

တကယ် ၀ယ်ယူနေကြတဲ့ တပတ်ရစ်ကားတွေကို ပိုမို ရွေးချယ် ရခြင်းရဲ့ ရည်ရွယ်ချက် က ဘာများပါလဲ ?  တစ်ခြား အာရှတွင် နိုင်ငံတွေနဲ့စာလျှင် ကျွန်တော်တို့မှာ တကယ် စူပါကားတွေ ဇိမ်ခံကားတွေက လက်ချိုးရေလို့ ရအောင် အရေအတွက် တစ်ခုမှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတွင်ပဲ Lamborghini, Bugatti Veyron, Lexus LFA စတဲ့ ဘရန်ကားတွေ အပြင် တစ်ခြား နာမည်ကြီးကားများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။  Lamborghini ကတော့ အီတလီစပေါ့စ်ကားတွေကို ထုတ်လုပ်နေတဲ့ ကမ္ဘာ့နာမည်ကျော် ဘရန်တစ်ခု ဖြစ်တာကို စာဖတ်သူ သိပြီး ဖြစ်မယ် ထင်ပါတယ်။

Lamborghini ဟာဆိုလိုရှိရင် ကမ္ဘာ့ ဈေးအကြီးဆုံး ကားဖြစ်တဲ့ စပေါ့စ်ကား Veneno Roadster ကို ထုတ်လုပ်ခဲ့တဲ့ အီတလီကား ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ထို Veneno Roadster ဆိုလျှင် ယူရို ၃.၃ မီလီယံ ကျသင့်ပြီး  တစ်နာရီကို  ၂၂၁ မိုင် ပြေးနိုင်တဲ့ စူပါကား ဖြစ်ပါတယ်။ ထို Lamborghini က ၂၀၁၄ ထိထုတ်နေတဲ့ ဈေးနှုန်း $397,500 ကနေစထားတဲ့  Aventador ရဲ့ အရင်ဗားရှင်း ဖြစ်တဲ့ Lamborghini Murcielago ကားကို ပြည်တွင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ 




Lamborghini Murcielago  Roaster

Lamborghini Murcielago  Roaster တွေဟာ ၂၀၁၀ ခုနှစ်မှာ ၁၈ စီးပဲ ထုတ်ခဲ့ပါတယ်။  အပေါ်ပုံထဲက Lamborghini Murcielago  Roaster ဟာ ၂၀၁၀ ထိသာ နောက်ဆုံး ထုတ်တဲ့ကားတွေ ဖြစ်ပြီး ပြည်တွင်းက ကားတွေက ဘယ်ခုနှစ်ထုတ်လဲ ဆိုတာ မသေချာပေမဲ့  တစ်ပတ်ရစ်ကားတွေထဲမှာ အနည်းဆုံး သိန်း ၁၅၀၀ နီးပါးရှိတဲ့ ကားတွေ ဖြစ်ပါတယ်။




Bugatti Veyron Linea Vincero

Bugatti အော်တို မိုဘိုင်းဟာ ပြင်သစ်ဇိမ်ခံကား အမြင့်စားတွေကို ထုတ်လုပ်လျက်ရှိတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။  ဗောက်စ်ဝဂွန်  အုပ်စုရဲ့ လက်အောက်မှာလည်း တည်ရှိပါတယ်။
အထက်ပုံမှာ တွေ့ရတဲ့ Bugatti Veyron Linea Vincero ဟာ အင်ဂျင် ၈၀၀၀ စီစီနီးပါးရှိ စူပါ စပေါ့စ်ကား မျိုးနွယ်ဝင် Bugatti Veyron ရဲ့ အမျိုးအစားတစ်မျိုး ဖြစ်ပြီး စစထွက်ခြင်း ဘရန်နယူးကားကိုပဲ ယူရို ၂ သန်း နီးပါးမှာ ရှိပါတယ်။

 ဒါကြောင့်မို့  Bugatti Veyron တွေဟာ ကမ္ဘာ့ ဈေးအမြင့်ဆုံး စူပါကားတွေထဲမှာ ပါဝင်ပါတယ်။ မြင်းကောင်ရေအား ၁၀၀၀ ကျော်ရှိပြီး  ၂.၄၆ စက္ကန့် အတွင်းမှာ ကီလိုမီတာ ၁၀၀ ကျော်ကို မောင်းနှင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အမြင့်ဆုံး မောင်းနှင် နှုန်းကတော့ 400km/h ဖြစ်ပါတယ်။ 




Lexus LFA


လပ်ဆပ်ကားတွေဟာ တိုယိုတာ မော်တော် အုပ်စုရဲ့ ဇိမ်ခံကားတွေကို ထုတ်လုပ်နေတဲ့ သီးသန့် ဘရန်တစ်ခု ဖြစ်ပါတယ်။ အထက်ပါ ပုံထဲက ပြည်တွင်းမှာ တွေ့ကြရတဲ့ Lexus LFA ကတော့ လပ်ဆပ်ကနေ ထုတ်ထားတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။ ဌင်း Lexus LFA တွင် V 10 အင်ဂျင် အစိတ်အပိုင်း အသစ်တစ်ရပ်ကို တွေ့ရမှာ ဖြစ်ပြီး အင်ဂျင် ၄၈၀၀ စီစီ ရှိကားတွေ ဖြစ်ပါတယ်။ ပေါ့ပါးအောင်လို့ ကာဗွန်ဖိုင်ဘာ သားတွေကို ကိုယ်ထည်မှာ သုံးထားပါတယ်။  

 ထို ကာဗွန်ဖိုင်ဘာသားတွေကို Lexus LFA ကိုယ်ထည်ရဲ့ ဖွဲ့စည်းမှု တစ်ရပ် အနေနဲ့ ၆၅ ရာခိုင်နှုန်းမှာ သုံးထားပါတယ်။ အခြေခံ ဈေး အောက်ထစ် အနေနဲ့ ဒေါ်လာ ၃၇၅,၀၀၀ ရှိမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မော်ဒယ် အတွက် အောက်ထစ်ဈေးကတော့ ဒေါ်လာ ၄၄၅,၀၀၀ ရှိပါတယ်။  ဒါဟာ ထုတ်လုပ်သမျှ ဂျပန်ကားတွေထဲမှာ ဈေးအကြီးဆုံးကားဈေးနှုန်း တစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာ ထုတ်လုပ်မှု ပြီးဆုံးမှု တစ်ရပ် အနေနဲ့ အစီးရေ ၅၀၀ ကိုသာ ထုတ်လုပ်ခဲ့ပါတယ်။


အောင်ဟိန်း
 

0 comments:

Post a Comment