Powered by Blog - Widget

Wednesday, September 10, 2014

သော့တံမလိုတဲ့ Bluetooth သော့အိမ်



Aung Ko Htet (MM IT Knowledge)
 
Bluetoothစနစ် အသုံးပြုထားပြီး သော့တံမလိုတဲ့ သော့အိမ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ ယူတက်မြို့အခြေစိုက် Fuz ကုမ္ပဏီက ဖန်တီးခဲ့ပါတယ်။ သာမန်သော့အိမ်တွေလို သော့တံနဲ့ ဖွင့်စရာ မလိုတဲ့အတွက် Fuz ကုမ္ပဏီက သူတို့ရဲ့ သော့အိမ်ကို Noke (No key) လို့ နာမည်ပေးထားပါတယ်။ သာမန်သော့တွေက အပျောက်အရှ များတတ်ပြီး သော့ပွားရ ခက်ခဲပေမယ့် Noke သော့တွေကတော့ Bluetoothစနစ် အသုံးပြုထားလို့ အဲဒီဒုက္ခ ကင်းဝေးပါလိမ့်မယ်။

Bluetoothစနစ် အသုံးပြုထားတဲ့ Noke သော့အိမ်တွေကို iOs ဒါမှမဟုတ် Android app သုံး ပစ္စည်းတစ်ခုခုနဲ့ ဖွင့်ရမှာဖြစ်ပါတယ်။ Noke သော့အိမ် အသုံးပြုချင်တဲ့သူအနေနဲ့ Fuz ကုမ္ပဏီရဲ့ appကို သော့နဲ့ တွဲသုံးမယ့် iOs ဒါမှမဟုတ် Android ပစ္စည်းထဲ ထည့်သွင်းရမှာပါ။ ပြီးရင် သော့အိမ်နဲ့ သော့ဖွင့်မယ့် ပစ္စည်းတွေကို Bluetooth အမည်တူ ပေးရမှာဖြစ်ပါတယ်။ဒီအတွက် သော့အိမ်ကို နှစ်ယောက်မျှသုံးဖို့လည်းလွယ်ကူသွားပါတယ်။ သော့ဖွင့်ချင်တဲ့အခါ သော့အိမ်ခေါင်းကို လက်နဲ့ထိလိုက်ရင် သော့အိမ်ထဲမှာ ထည့်သွင်းထားတဲ့ ဆင်ဆာက
သော့ပိုင်ရှင် ဟုတ်၊ မဟုတ် စစ်ဆေးမှာဖြစ်ပြီး ကြိုးမဲ့ဆက်သွယ်မှု စနစ်အတွင်း သော့ပိုင်ရှင်ရှိမှ အလိုအလျောက် သော့ပွင့်မှာပါ။ Bluetooth 4.0 စနစ် အသုံးပြုထားတယ်လို့ သိရပါတယ်။

Noke သော့အိမ်တွေကို မာကျောမှု မြင့်မားတဲ့စတီးနဲ့ ပြုလုပ်ထားပြီး ဘက်ထရီမဖြည့်ဘဲ အမြဲသုံးနေရင်တောင် တစ်နှစ်ကြာ အသုံးပြုနိုင်တယ်လို့ Fuz ကုမ္ပဏီက ပြောပါတယ်။ သော့အိမ်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းပဲဖြစ်ဖြစ် သော့အိမ်ပဲဖြစ်ဖြစ် ဘက်ထရီ ကုန်သွားတဲ့အခါ သော့အိမ်ခေါင်းကို လက်နဲ့ဘယ်နှစ်ချက် ဆက်တိုက်နှိပ်ရင် သော့ပွင့်သွားမယ်ဆိုတဲ့ လျှို့ဝှက်စနစ် ပါဝင်ပါတယ်။ ဖေဖော်ဝါရီလမှာ ဈေးကွက်ထဲရောက်လာမယ့် Noke သော့အိမ်တွေ ကြိုတင်မှာယူမယ်ဆိုရင် ၃၇ပေါင် ပေးချေရမှာဖြစ်ပြီး ထွက်မှဝယ်မယ်ဆိုရင် ၅၅ပေါင်လောက် ကုန်ကျမှာပါ။

-
Ref : Dailymail


credit Nyein Chan

0 comments:

Post a Comment