Powered by Blog - Widget

Thursday, September 18, 2014

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ပြန်လျှောက်



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီးသည့်နောက် ဆက်သွယ်ရေးဥပဒေအရ အော်ပရေတာ လိုင်စင်သစ်ကို ပြန်လည်လျှောက်ထားခဲ့သည်ဟု ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီဘက်မှ တာဝန်ရှိသူက ပြောသည်။



ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီသည် ကန်ဒေါ်လာ ၂ ဘီလီယံ အရင်းအနှီးစိုက်ထုတ်၍ မြန်မာ့ဆက်သွယ်ရေး မကြာသေးခင်က ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေအရ တယ်လီကွန်း အခန်းကဏ္ဍ၌ ယှဉ်ပြိုင်ဝန်ဆောင်မှုများ ပြုလုပ်မည်ဟု ပါရှိသည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်း၏ မိတ်ဖက်ကုမ္ပဏီနှင့်အတူ ယှဉ်ပြိုင်ဝန်ဆောင်မှု ပြုလုပ်ရန် လိုင်စင်အသစ်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လိုင်စင်လျှောက်ထားနေပြီဖြစ်သော်လည်း လိုင်စင်ရရှိမည့်နေရက်ကို မသိရှိရသေးပေ။ လက်ရှိအချိန်၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့ပိုင်ဆိုင်မှုကို ကမ္ဘာ့ဘဏ် အကူအညီဖြင့် တန်ဖိုးသတ်မှတ်နိုင်ရန် လုပ်ကိုင်နေပြီး မိုဘိုင်းဖုန်းလိုင်းချထားပေးခြင်းများကို ယခင်အစိုးရမှ ပေးအပ်ထားသည့် လိုင်စင်ဖြင့်သာ ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လိုင်စင်အသစ်အရ အစိုးရ၏ သီးခြားမျက်နှာသာပေးခြင်းမှ ကင်းလွတ်သွားမည် ဖြစ်ပြီး အခြားသော အော်ပရေတာများနှင့် ယှဉ်ပြိုင်မှုကို ပြုလုပ်ရတော့မည် ဖြစ်သည်။
 
Internet Journal

0 comments:

Post a Comment