Powered by Blog - Widget

Thursday, September 18, 2014

မြန်မာနိုင်ငံရှိ Startup တည်ထောင်သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် Startup Bootcamp ကျင်းပပြုလုပ်မည်


Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံရှိ Startup တည်ထောင်သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် Lithan University College မှဦးစီးပြီး Startup Bootcamp အမည်ရှိ အစီအစဉ်ကို အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး လျှောက်လွာများကို စက်တင်ဘာလ ၁၇ ရက်မှစပြီး စက်တင်ဘာလ ၃၀ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လျှောက်ထားလာသောလျှောက်လွှာများကို စိစစ်ရွေးချယ်ပြီးနောက် အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသူများအား အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

Startup Bootcamp ကို နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး အစီအစဉ်တွင်ပါဝင်ရန် ရွေးချယ်ခံရသူများအနေဖြင့် Lithan University College ၏ Digital Library ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး (Learn Campus၊Go To market Strategy နှင့် Business Viability) အစရှိသောကမ္ဘာကျော် Startup နည်းစနစ်များအား ဖော်ပြထားသည့် E-book များကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် နှစ်ရက်ဆက်တိုက်ပြုလုပ်မည့် Bootcamp အတွင်းတွင်လည်း Startup Entrepreneur များ သိသင့်သိထိုက်သည့် အသိပညာများနှင့် နည်းဗျူဟာများကို သင်ကြားပေးသွားမည်ဖြစ်သည်။ ကျင်းပသည့်နှစ်ရက်အတွင်း LUC ၏ Digital Library မှမိမိတို့လေ့လာဖတ်ရှုထားသော အကြောင်းအရာများကို ဆွေးနွေးကြရမည်ဖြစ်ပြီး ထိုဆွေးနွေးမှုများကို LUC မှ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းမှအောင်မြင်သော Entrepreneurများမှ ဦးဆောင် ဆွေးနွေး သွားမည်ဖြစ်ကာ အစီအစဉ်အဆုံးတွင် အကဲဖြတ်ဒိုင်များ၏ရှေ့၌ မိမိ၏ Business idea များကို တင်ပြကာ ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။

အနိုင်ရရှိသူများအနေဖြင့် မိမိ၏ Business Idea အတွက်အမေရိကန် ဒေါ်လာနှစ်ထောင်ကို ဆုအဖြစ်ရရှိပြီး ကမ္ဘာကျော် Channel News Asia ကပြုလုပ်မည့် Start up Reality Show အစီအစဉ်တွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုပြီး ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

“အရမ်းကိုအကြံဥာဏ်ကောင်းပြီး စီးပွားရေးအမြင်ရှိတဲ့ လူငယ်တွေ၊ နည်းပညာနဲ့ပတ်သက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကိုထူထောင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။ အဲဒီအထဲမှာ လူတချို့က အဆင်ပြေလို့ ကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ကြိုးစားလုပ်နေကြပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ အဲဒီလို ကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ ရင်နှီးမြှုပ်နှံကြတယ်ဆိုတဲ့အခါ အထိုက်အလျောက်ပဲ ထိရောက်မူရှိတာဆိုတော့ ပိုကြီးမာတဲ့အောင်မြင်မူကို ရဖို့ဆိုတာက ဒီလိုကူညီထောက်ပံ့မူတွေ လိုအပ်မယ်လို့ မြင်မိတဲ့အတွက် ယခုလို ကူညီပေးတဲ့အစီအစဉ်တွေပြုလုပ်ရတာပါ" ဟု Lithan University College မှ Country Manager ဒေါ်ပြည့်သီရီသော်က ပြောကြားခဲ့သည်။

Start-up Boot Camp အကြောင်းကို အောက်ပါ Start-up Boot Camp Myanmar ၏ Offical Facebook page ဖြစ်သော www.facebook.com/StartupBootcampMM တွင် လေ့လာနိုင်ပြီး လျှောက် လွှာများကို http://goo.gl/LuZEud မှ Download ပြုလုပ်ကာ Application Form ကို ဖြည့်စွက်ပြီး info@startupbootcampmm.comသို့ ပြန်လည်ပြီး အီးမေးလ်ပေးပို့ရမည်ဖြစ်သည်။

Internet Journal

0 comments:

Post a Comment