Powered by Blog - Widget

Thursday, September 18, 2014

Japan Education Fair 2014 ပြုလုပ်မည်



Aung Ko Htet (MM IT Knowledge)

Japan Student Services Organization (JASSO)၊ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးနှင့် Myanmar Association of Japan Alumni (MAJA) တို့မှ ကြီးမှူးကျင်းပသော Japan Education Fair 2014 ကို မြန်မာနိုင်ငံ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပွဲတော်အား စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ Sule Shangri-La Hotel  တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေးပွဲတော်ကို မြန်မာနိုင်ငံရှိ Japan International Cooperation Agency (JICA)၊ Myanmar-Japan Center for Human Resources Development (MJC) တို့မှလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်နိုင်ငံ၏ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်သော မှန်ကန်သည့်သတင်းအချက်လက်များကို ဝေမျှပေးမည့် အပြင် ကျောင်းရွေးချယ်မှုများ မှန်ကန်စေရန်အတွက် ကူညီမှုများပေးနိုင်စေရန်ရည်ရွယ်၍ ၎င်းပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ပွဲသို့ ဂျပန်နိုင်ငံတွင်ပညာသင်ကြားလိုသော မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းသား၊ ကျောင်း သူများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေး ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်နေသူများ တက်ရောက်နိုင် မည်ဖြစ်သည်။ ပွဲတွင် ဂျပန်နိုင်ငံ၏ပညာရေးစနစ် အကြောင်း၊ တက်ရောက်နိုင်သော ဘာသာရပ်များအကြောင်း၊ ကျောင်းဝင်ခွင့်များအကြောင်း၊ ဂျပန်တက္ကသိုလ်များ၊ ကောလိပ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီး ဂျပန်တက္ကသိုလ်များနှင့် ထိုင်း တက္ကသိုလ်တို့အကြား မိတ်ဖက်တက္ကသိုလ်များအဖြစ် ပြုလုပ်မည့် အကြောင်းများကိုလည်း ရှင်းလင်းပြောကြားပေး သွားမည်ဖြစ်သည်။

JASSO အဖွဲ့အစည်းမှလည်း ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းနှင့်ပတ်သက်သော Video  Presentation ကို ပြသပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးမှလည်း ဂျပန်အစိုးရပညာသင်ဆုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးသွားမည်ဖြစ်သည်။

ပညာရေးပွဲတော်တွင် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၁၇ ခုပါဝင်ပြသမည်ဖြစ်ပြီး အစိုးရတက္ကသိုလ်များဖြစ်သော Hokkaido University, Kyoto University, Kyushu University, Okayama University, Shinshu University၊ ကိုယ်ပိုင်တက္ကသိုလ်များဖြစ်သော Daito Bunka University, Higashi Nippon International University, Matsumoto Dental University, Ritsumeikan Asia Pacific University, Ritsumeikan University, Takushoku University, Waseda University၊ Japanese Language Institutions များဖြစ်သော Aoyama School of Japanese, I.C.NAGOYA Japanese Language School, Kyoshin Language Academy, Shinjuku Heiwa Japanese Language School တို့အပြင် Metropolitan Tokyo Professional Institution Association တို့မှ ပါဝင်ပြသသွားမည်ဖြစ်သည်။

Internet Journal 

0 comments:

Post a Comment