Powered by Blog - Widget

Wednesday, September 10, 2014

Dell က ကမ္ဘာ့အပါးလွှာဆုံး တက်ဘလက် အဖြစ် Venue 8 7000 Series ကို ကြေညာ




Aung Ko Htet (MM IT Knowledge)


Dell က ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သော Intel Developers Forum တွင် ကမ္ဘာ့အပါးလွှာဆုံး တက်ဘလက် အဖြစ် Dell Venue 8 7000 Series ကို ကြေညာလိုက်ပါသည်။

အထူမှာ ၆ မီလီမီတာ ( ၀.၂၄ လက်မ) ဖြစ်ပြီး နောက်ဆုံးထုတ် iPad Mini ၏ အထူမှာ ၇.၅ မီလီမီတာ ဖြစ်သည်ဟု နှိုင်းယှဉ်သိရှိရပါသည်။ ၈.၄ လက်မ OLED Display တပ်ဆင်ထားပြီး 2560x1600 Resolution ဖြစ်ပါသည်။ မျက်နှာပြင်မှာ တက်ဘလက်၏ ဘေးစွန်းများအထိ နေရာယူထားသည့် ဒီဇိုင်းဖြစ်ပါသည်။ ထို့အတွက် ဘေးဘောင်များ အလွန်သေးငယ်ပြီး လှပပါသည်။

Venue 8 တွင် Moorefield Atom Z3500 Quad-Core Processor နှင့် Depth-Sensing နည်းပညာပါသော Intel RealSense Camera ကဲ့သို့ Intel ၏ နည်းပညာများ ပါရှိပါသည်။

Venue 8 7000 Series တက်ဘလက်ကို အားလပ်ရက် ဈေးဝယ်ရာသီတွင် ရောင်းချပေးမည်ဖြစ်သော်လည်း ဈေးနှုန်းကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။ Dell က တက်ဘလက် အသစ်၏ သတင်းအချက်အလက် အသေးစိတ်ကို ကြေညာခြင်းမရှိသေးဘဲ နောက်ပိုင်းမှ သိရမည် ဖြစ်သည်။


credit MDL

0 comments:

Post a Comment