Powered by Blog - Widget

Monday, September 15, 2014

ကျောက်တံတားမြို့နယ် ဖုန်းဆိုင်တစ်ဆိုင်တွင် ဆင်းမ်ကတ်မရသူများ ဆူပူ



Aung Ko Htet (MM IT Knowledge)

ရန်ကုန်တိုင်း၊ ကျောက် တံတားမြို့နယ်အတွင်းရှိ Smart  Connect မိုဘိုင်းဖုန်းအရောင်း ဆိုင်က MPT ဆင်းမ်ကတ်များ ရောင်းပေးမည်ဟုဆိုကာ လူအ များကို စောင့်ခိုင်းခဲ့သော်လည်း သတ်မှတ်သည့်အတိုင်း ရောင်းချပေးခြင်းမရှိခဲ့၍ စက်တင်ဘာ ၁၄ ရက်တွင် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖုန်းဆိုင်သည် MPT ဆင်းမ်ကတ်များ ရောင်းချပေး မည်ဟု စာကပ်ထားသည့်အတွက် ၀ယ်ယူလိုသူများက နံနက် ၅ နာ ရီခန့်မှစ၍ စောင့်ဆိုင်းနေခဲ့သော် လည်း အနည်းငယ်သာ ရောင်းချပေးခဲ့သည့်အတွက် မကျေနပ်မှု များပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖုန်းကတ်ဝယ်ယူရန် နာရီ ပေါင်းများစွာစောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည် တံခါးပိတ်ထား သည့်ဆိုင်ရှေ့တွင်စောင့်နေခဲ့ပြီး ဆိုင်တံခါးများကို ထုရိုက်ခြင်း၊ အော်ဟစ်ခြင်းများပြုလုပ်ခဲ့ကြ သည်။
‘‘ဆင်းမ်ကတ်ရမယ်ဆိုလို့ နံနက်ငါးနာရီကတည်းက လာ စောင့်နေတာ။ မရလိုက်မှာစိုးလို့ ထမင်းတောင်မစားရသေးဘူး။ မရောင်းတော့ဘူးဆိုရင်လည်း မပြောဘူး၊ ညနေတောင်ရောက် လာပြီဘာမှ မသိရသေးဘူး’’ဟု ဆင်းမ်ကတ်ဝယ်ရန်အတွက် စောင့်နေသူ မသန်းစိုးကပြော သည်။
Smart Connet မိုဘိုင်းဖုန်း အရောင်းဆိုင်သည် MPT ဆင်းမ် ကတ် ၇၀ ရောင်းချပေးသွားရန် စီစဉ်ထားသော်လည်း လာရောက် ၀ယ်ယူသူဦးရေမှာ တစ်ရာကျော် ခန့်ရှိသည့်အတွက် မထိန်းနိုင် သောကြောင့် မဲနှိုက်၍ ရောင်းချပေးခဲ့သည်။

‘‘ဆိုင်က ကတ်ရောင်းတဲ့အစီ အစဉ်ကို သေချာမလုပ်ဘဲလူများ လာမှ တံခါးပိတ်လိုက်တော့ လာ စောင့်တဲ့သူတွေက ဒေါသထွက် တာပေါ့’’ဟု ဖုန်းကတ်ဝယ်ရန် လာရောက်စောင့်ဆိုင်းနေသည့် ဦးကျော်စွာအုန်းကပြောသည်။

သို့သော်မဲနှိုက်ပေးရာတွင် လူငါးဦးခန့်သာ မဲပေါက်ခဲ့ပြီး ကျန်သောမဲများမှာ ဗလာမဲများဖြစ်နေသည့်အတွက် ဆင်းမ်ကတ်မရသူများမှာ မကျေနပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘သူတို့ကဆက်ပြီး မရောင်း တော့ဘူးလို့ပြောရင်လည်း ကိစ္စ မရှိဘူး။ အခုက ဟန်းဆက်ရှိတဲ့ လူတွေကို ရောင်းပေးမယ် ဟန်း ဆက်တွေပြန်ယူကြတယ်။ ကျွန် တော်ဆို LG ဖုန်းတစ်လုံးပျောက် သွားတာပဲ အဖတ်တင်တယ်။ ဆင်းမ်ကတ်လည်း မရဘူး’’ဟု ဆင်းမ်ကတ်ဝယ်ရန် စောင့်နေသူ ကိုလှထွန်းကပြောသည်။

Smart Connect မိုဘိုင်း ဖုန်းအရောင်းဆိုင်သည် မူလက ဆင်းမ်ကတ်များကို ရောင်းချပေး ရန်အတွက် စီစဉ်ခဲ့သော်လည်း  ၀ယ်ယူသူများမှာ စနစ်တကျ တန်းစီ စောင့်ဆိုင်းခြင်းမရှိသည့် အတွက်ရောင်းမပေးတော့ခြင်း ဖြစ်ကြောင်း ဆင်းမ်ကတ်ဝယ်ယူ ရန် တန်းစီနေသူအချို့ထံမှ သိ ရသည်။
‘‘ရောင်းမပေးတာ ဆိုင်ပိုင် ရှင်ရဲ့အပြစ်လည်း မဟုတ်ဘူး။

လူတွေက သေချာတန်းစီပြီး စောင့်တာမဟုတ်ဘဲ အရမ်းတိုးတဲ့အ တွက် မနိုင်တော့တာကြောင့် ပိတ်လိုက်တာလည်း ပါတယ်။ ကျွန်မဆိုရင် မနက်ကတည်းက ကလေး နဲ့လာစောင့်နေတာ အခုထိ မရသေးဘူး’’ဟု မရီရီမြင့်ဆိုသူက ပြောသည်။

ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အဆိုပါဖုန်းဆိုင်အားမေးမြန်းရန် စောင့်ဆိုင်းခဲ့သော်လည်း ဆိုင်တံ ခါးပိတ်ထားသည့်အတွက် မေးခွင့်မရခဲ့ပေ။

လူတွေက တအားများတော့ တစ်ယောက်နဲ့တစ်ယောက် တိုး ကြတာ၊ ထိခိုက်ကြတာတွေတော့ ရှိတယ်။ အကြီးအကျယ်ရန်ဖြစ် ကြတာတော့မရှိပါဘူး။ ဆိုင်ထဲ က လူကလည်း တံခါးပိတ်ထား လို့ အပြင်ထွက်မရ။ အပြင်ကလူ တွေကလည်း ဆိုင်တံခါးဖွင့်နိုးဖွင့် နိုးနဲ့စောင့်နေကြရင်းနဲ့လူတော် တော်များသွားခဲ့တာ’’ဟု ယင်း ဆိုင်အနီးတစ်ဝိုက်ရှိဒေသခံများ ကပြောသည်။

credit to 7 Daily

0 comments:

Post a Comment