Powered by Blog - Widget

Thursday, September 18, 2014

ပြတိုက်ထဲကပြတိုက်




Aung Ko Htet (MM IT Knowledge)

ဘရာဇီးဘောလုံးအသင်းမှာ ခြေစစ်ပွဲကိုအောင်နိုင်ခဲ့သော်လည်း ရှေ့အလားအလာမှာသိပ်မသေချာတော့၊အထည်ကြီးပျက်လိုဖြစ်နေ၏
ထိပ်တန်းဘောလုံး အကျော်အမော်တွေအများကြီးရှိသော်လည်းတစ်ယောက်နှင့်တစ်ယောက်အတွဲမမိဘဲ ဖြစ်နေရ၏ ဒံပေါက်ရယ်၊ဖာလူဒါရယ်၊
စတုမဓုရယ်ရောစားရသလို အီလည်လည်ကြီးဖြစ်နေရ၏။အသင်းအောင်မြင်မှု ပြန်ရဖို့အမျိုးမျိုးစဉ်းစားရာမှ ထူးခြားသောအကြံအစည်တစ်ခုကို
စိတ်ကူးမိကြသည်။နှစ်ဆယ်ရာစု၏အကောင်းဆုံး ဂန္တ၀င်ဘောလုံးသမားကြီး ပီလီကို ဘရာဇီးအသင်းမှာပြန်လည် ပါဝင်ကစားခိုင်းဖို့ ပင်ဖြစ်ပေသည်။
အမေရိကန်နှင့် မဟာမိတ်များသည် အာဖဂန်စစ်ပွဲမှာ အနိုင်ရပြီးအောင်ပွဲ ခံခဲ့ကြသည်။သို့သော် လွတ်လွတ်ကျွတ်ကျွတ် ၀မ်းမသာနိုင်၊
ထီပေါက်ပြီး လက်မှတ်အသိမ်းလွန်နေတဲ့လူလို မချင့်မရဲဖြစ်နေရသည်။အကြမ်းဖက်သမား ခေါင်းဆောင်တွေကိုမမိသေး။ ဘယ်ဆီရောက်နေမှန်းလည်း
မသိ။ သူတို့ကို ဖမ်းမိတဲ့ တိုင်အောင် အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်ပြီဟု ကြွေးကြော်နိုင်မည် မဟုတ်သေး။
သူတို့သည်စစ်ပွဲကိုဆင်နွှဲရာတွင်ခေတ်အမီဆုံးအဆန်းသစ်ဆုံးနောက်ဆုံးပေါ်လက်နက်တွေထုတ်သုံးခဲ့ကြသည်။
ကြဲချခဲ့သည့် ဗုံးတန်ချိန်ပေါင်းကလည်း မနည်းမနောပဲ။ ရန်သူစစ်သည်အားလုံးတို့၏ ကိုယ်အလေးချိန်စုစုပေါင်းထက်တောင် ပိုများနေမလားမသိ။
သို့ရာတွင် မှန်းချက်မကိုက်သေး။
သူတို့သုံးစွဲခဲ့သည့် ဆက်သွယ်ရေးစနစ်တွေကလည်း အံ့မခန်းပဲ။ စစ်မြေပြင်မှာ ရောက်နေသော စစ်သားတစ်ယောက်က အမေရိကန်မှာ ကျန်ခဲ့တဲ့
ရည်းစားဆီ ဂြိုလ်တုကတစ်ဆင့် ဖုန်းလှမ်းခေါ်လို့ရလောက်အထိ အဆင့်မြင့် သည်။ သို့ရာတွင် သူတို့အလိုရှိသော ရန်သူခေါင်းဆောင်ကိုတော့ ခြေရာ
တောင်တွေ့အောင်မရှာနိုင်။
သူတို့၏လက်ရွေးစင် ကွန်မန်ဒိုတပ်သားများမှာ လူစွမ်းကောင်းများဖြစ်၏ ခေတ်မီဆက်သွယ်ရေး ကိရိယာများ၊အစွမ်းထက်ဆုံး လက်နက်များ ကိုင်
ဆောင်ထားကြသည်။ အထူး လေ့ကျင့်ထားသူများလည်းဖြစ်သည်။သို့တို့၏ တိုက်ခိုက်ရေးစွမ်းရည်က လည်း သူတို့ဘက်က တစ်ယောက်ကျလျှင် ရန်သူ
ဘက်က အယောက်နှစ်ရာကျ အောင် ချေမှုန်းနိုင်သည်။ အဲ...တစ်ခုရှိတာက သင်္ချာအသဘောအရ အချိုးချကြည့်လျှင် ရန်သူ့ဘက်က လူနှစ်ရာသေသည့်
အခါတိုင်း ကိုယ့်ဘက်ကလည်း တစ်ယောက်သေပေးရမည့် အနေအထားဖြစ်သည်။ ထိုအခါရိန်းဂျားတပ်သားတို့သည် ရန်သူနှစ်ရာပြည့်အောင် မသတ်ကြတော့။
တစ်ရာကိုးဆယ့်ကိုးယောက်သတ်ပြီးတာနဲ့ဆက်မတိုက်တော့ဘဲ ပြန်လှည့်လာကြတော့သည်။
ဒီလိုနဲ့ပဲ အကြမ်းဖက်သမားတွေကို အပြီးပြတ် ချေမှုန်းပစ်ဖို့ အခက်အခဲ တွေ့နေရသည်။ တစ်ကယ်တမ်း အရေးကြီးသည့် တိုက်ပွဲကလည် တောထဲ
တောင်ထဲမှာ သူသေကိုယ်သေ ရင်ဆိုင်ရမည့် သဘောဖြစ်၏ မိုက်မိုက်ကန်းကန်း တိုက်ရဲသည့် လူမျိုးမှဖြစ်မည်။ ထို့ကြောင့် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း
ရသည်။ ထိုတပ်ဖွဲ့ထဲတွင် မွန်ဂိုလေးသည်တော်များ၊ဂျပန်ဆာမူရိုင်းများ ၊ထရိုဂျင်စစ်သည်တော်များ ပါဝင်ပြီး စစ်သူကြီး ဟန်နီဘောက ကွပ်ကဲအုပ်ချုပ်သည်။
အကြမ်းဖက်သမားတွေဆိုတာက တောကြိုအုံကြားမှာသာ ရှိနိုင်တာမဟုတ် ၊မြို့ကြီးပြကြီးတွေမှာလည်း
ခိုအောင်းနေတတ်သည်။ဒါတင်မက၊တခြားဒုစရိုက်သမားတွေလည်းရှိသေးသည်။သူခိုး၊ဓားပြ၊လူသတ်သမားတွေ၊မူးယစ်ဆေးဝါး မှောင်ခိုတွေ၊လူလိမ်လူ
ကောက်တွေ။
ခုချိန်မှာခေတ်မီထောက်လှမ်းရေးကိရိယာတွေသုံးနေပြီဖြစ်သောကြောင့်သူတို့ကိုလွယ်လွယ်ဖမ်းနိုင်မည်
ထင်ကြသည်။သို့ရာတွင် ဒီလိုမဟုတ်။ သူတို့ကလည်း ခေတ်မီကိရိယာတွေသုံးပြီး ကိုယ်ရောင်ဖျောက်နိုင်နေကြပြန်သည်။ပြီးတော့ လူဆိုးတွေဆိုတာက
လည်း ဟိုအရင်ကလို အရုပ်ဆိုးဆိုး။လူမိုက်ဂိုက်မျိုးမဟုတ်တော့။သာမန်သူလိုငါလိုမျိုးပင် ဖြစ်၏။လူကောင်းတွေကြားထဲ ရောနှောနေလိုက်လျှင် အလွယ်တကူ
ရှာမတွေ့နိုင်တော့။ပြီးတော့ သူတို့တွေက အရင်ကထက် ဥာဏ်ရည်ဥာဏ်သွေးလည်း ပိုမြင့်လာသည်။
ဒီကြားထဲမှာ လူတွေက အက်ဖ်ဘီအိုင်တို့၊စီအိုင်အေတို့ကို သိပ်အထင်မကြီးကြတော့။စက်တင်ဘာအကြမ်းဖက်မှုကို ကြိုတင်မတားဆီးနိုင်ရကောင်း
လားဟု အပြစ်တင်ချင်သလိုရှိ၏။ ဒါကို အခွင့်ကောင်း
ယူပြီးဒုစရိုက်သမားတွေက ခေါင်းထောင်ချင်လာသည်။
ခုခေတ်စုံထောက်တွေက ခေတ်မီပစ္စည်းကိရိယာတွေ အားကိုးလွန်းသည်။ ကိုယ်ပိုင် ဦးနှောက်ကို သိပ်အသုံးမချချင်ကြတော့။လက်ရှိအခြေအနေမှာ
လူဆိုးတွေနှင့် ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ အထောက်အကူ ကိရိယာတွေနှင့်မလုံလောက်တော့။ သူတင်ကိုယ်တင် ဥာဏ်ကစားနိုင်မှ ဖြစ်တော့မည်။
ထို့ကြောင့် ဦးနှောက်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကို ရှာရတော့မည်။ ထိုတာဝန်မှာ ဗြိတိသျှဝန်ကြီး
ချုပ် တိုနီဘလဲ၏ခေါင်းပေါ်သို့ ပုံကျလာသည်။ သူသည် လန်ဒန်မြို့ဘေကာလမ်း၊ အိမ်အမှတ်' ၂၂၁ ဘီ' သို့သွား
သည်။ အခန်းတစ်ခန်းရှေ့တွင် ရပ်သည်။ အခန်းတံခါးပိတ်ထား၏ တခြား အိမ်ခန်းတွေလို လူခေါ်ခေါင်းလောင်းတို့
အင်တာကွန်းတို့တပ်မထား၊ထို့ ကြောင့် တံခါးကိုလက်နဲ့ပဲ ခေါက်လိုက်ရသည်။ထိုအခါ အခန်းထဲမှ လှမ်းအော်ပြောလိုက်သောအသံကိုကြားရ၏
"တိုနီဘလဲလားဟေ့၊၀င်ခဲ့လေကွယ်" တိုနီဘလဲသည် အလွန်အံသြသွားရ၏။အခန်းထဲရောက်သောအခါ ဆေး
တံကြီးခဲလျက် ထိုင်နေသာ ပုဂ္ဂိုလ်ကြီးကို သူက မေးလိုက်သည်။
"ကြိုတင်အကြောင်းကြားထားတာလည်း မဟုတ်ဘဲနဲ့ တံခါးခေါက်တာ ကျွန်တော်မှန်း ဘယ်လိုသိတာလဲ"
"လွယ်ပါတယ်၊တံခါးကိုခေါက်တဲ့အခါ သူများလို ရိုးရိုးမခေါက်ဘဲ မြင်းခွာသံလို အပြွှတ်လိုက်ခေါက်တတ်တာ မင်းရယ်
အမေရိကန်သမ္မတ ဘုရှ်ရယ် နှစ်ယောက်ပဲရှိတယ်။ အခု သမ္မတ ဘုရှ်က တရုတ်ပြည်သွားနေတယ်ဆိုတော့ တံခါးလာခေါက်တဲ့သူဟာ မင်းပဲဖြစ်ရမယ်ဆိုတာ
တပ်အပ်သိတာပေါ့ကွယ်"
တိုနီဘလဲမှာ ထိုပုဂ္ဂိုလ်ကြီးကို တလေးတစားလက်ဆွဲ နှုတ်ဆက်လိုက်ပြီးနောက်...
"တော်ပါပေရဲ့ ခင်ဗျာ ၊တော်ပါပေရဲ့၊ ဒါကြောင့်လည်း စုံထောက်ကြီး ရှားလော့ဟုမ်းရယ် လို့ ကျော်ကြားပေတာကိုး"
ဟုပြောလိုက်လေ၏။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီသူဌေး ဘီလ်ဂိတ်သည် ကွန်ပြူတာ ဆော့ဖ်ဝဲတွေ တစ်ခုပြီးတစ်ခု တီထွင် ထုတ်လုပ်
နေသည် အရင်ထုတ်လုပ်ခဲ့သော ၀င်းဒိုးစီးရီးတင်မကတော့ ဘဲ စီလင်စီးရီး၊ပေါ်တီကို စီးရီး၊ တွိုင်းလက်စီးရီးတွေပါ
ထပ်ထွင်လိုက်သည်။
ကွန်ပြူတာမှာ တီဗီတို့ဗီစီဒီ တို့ပါ တွဲပါသည်။ တီဗီဂိမ်းကစားနိုင်သည်။ဒါတွေက အသေးအဖွဲ၊ဟိုအရင်ကတည်းက အဆင့်မြင့်စက်တွေမှာ
ပါပြီးသား၊ ကွန်ပြူတာနှင့် တယ်လီဖုန်းတွဲပေးထားသည်။ မော်နီတာပေါ်တွင် တစ်ဖက်လူ ၏မျက်နှာပါမြင်ရသည်။ ဒါလည်း သိပ်အထူးအဆန်းတော့မဟုတ်ပေ။
ကီးဘုတ်မပါဘဲ အသံနှင့် စေခိုင်းလို့ရသော ကွန်ပြူတာ ၊ ကမ္ဘာပေါ်ရှိ ရုပ်ရှင်ရုံ အားလုံးနှင့် ဆက်သွယ်ထားပြီး ပြနေတဲ့ ဇာတ်ကား
တွေထဲက ကြိုက်ရာ ကို အိမ်ကကြည့်နိုင်သော ကွန်ပြူတာ စသည်ဖြင့် ထပ်ထွင်သည်။
ဒါတွေက သိပ်ပြသနာမဟုတ်သေး။ သူထွင် ကိုယ်ထွင် ပြိုင်ကြတာ ဓမ္မတာပဲ။ ဒီနေရာမှာ ဘီလ်ဂိတ်က ကွန်ပြူတာနယ်ပယ်မှာသာမကဘဲ
တခြားလုပ်ငန်းတွေကိုပါ နယ်ချဲ့လာသည်။မိုက်ခရိုဆော့ဖ် ကတ်ဆက်၊မိုက်ခရိုဆော့ဖ် ကင်မရာ၊မိုက်ခရိုဆော့ဖ် ရေခဲသေတ္တာ၊မိုက်ခရိုဆော့ဖ်
လေအေးပေးစက်သည်ဖြင့်...။
ဒါတွင်မကသေး၊အရသာ မျိုးစုံကို ခံစားစေနိုင်သော ဆော့ဖ်ဝဲတစ်ခုကို ထပ်မံတီထွင်လိုက်ပြန်၏။ကွန်ပြူတာနှင့်ချိတ်ဆက်သည့် ၀ိုင်ယာလက်စ်
မောက်စ်အသေးစားလေးကို ပါးစပ်ထဲငုံထားလိုက်ရုံပင်ဖြစ်၏ ဆေးလိပ်သောက်ချင်သလား ခလုပ်နှိပ်ရုံဖြင့် ပါးစပ်ထဲက မောက်စ်ကလေးက လျှာပေါ်ကို
ဆေးလိပ်၏ ခံစားမှုကို ရအောင် လှုံ့ဆော်ပေးလိမ့်မည်။ထို့အတူ လက်ဖက်ရည် ၊ကော်ဖီ၊ ရေခဲမုန့်၊သစ်သီးစသော အရသာမျိုးစုံကို ခံစားစေရမည်။
ရှေ့ဆက်ပြီး သုတေသန လုပ်နေတာကတော့ ကွန်ပြူတာနှင့် လူသားတို့လက်ထပ်နိုင်သည့် နည်းပညာ
ပင်ဖြစ်၏။ ထိုကိစ္စကို အပျိုကြီးလူပျိုကြီးများက အလွန်စိတ်ဝင်စားဖွယ် စောင့်မျှော်နေကြသည်။
ဒီအတိုင်းဆိုလျှင် သိပ်မလွယ် နည်းပညာလောကတစ်ခုလုံးသူ့လက်သူ့ခြေ ဖြစ်တော့မည်။ နေရာတကာ မှာ သူချည်း လွှမ်းမိုးလာတော့မည်။
ထို့ကြောင့် ပြိုင်ဘက်အုပ်စုတွေ ပေါင်းစည်း ပြီး ဘီလ်ဂိတ် နှင့် မိုက်ခရိုဆော့ဖ် ကို အန်တုဘက်ပြိုင်ဖို့စဉ်းစားရတော့သည်။ ဘီဂိတ်ကလည်း နှယ်နှယ်ရရမဟုတ်။
တော်ရုံ တန်ရုံလူက သူ့ကိုမယှဉ်နိုင်
နောက်ဆုံးတော့ လူတစ်ယောက်ကို ရှာတွေ့ကြသည်။ ထိုပုဂ္ဂိုလ်ကြီးကို ပြိုင်ဘက် ကုမ္ပဏီအုပ်စု၏ ဥက္ကဌအဖြစ်တင်
မြှောက်လိုက်ကြသည်။
ထိုသူကား ပိုက်သာဂိုးရပ်စ်ပင် ဖြစ်လေ၏။
ယူရီဂလင်းသည် အာကာသယာဉ်မှူးတစ်ဦးဖြစ်၏။ သူသည် မကြာခင် ရက်ပိုင်းအတွင်းမှာပင် လပေါ်သို့အာကသယာဉ်ဖြင့် ခရီးတစ်ခေါက်ထွက်စရာရှိနေသည်။
သူ့တာဝန်ကတော့ လပေါ်မှာ နေရောင်ခြည် စွမ်းအင်သုံး အလိုအလျောက် ဓာတ်ခွဲခန်းငယ်တစ်ခုကို သွားရောက်တည်ဆောက်ပေးရမည်ဖြစ်၏။
ထိုခရီးစဉ်အတွက် လေ့ကျင့်မှုတွေ အပြည့်အ၀ ပြုလုပ်ခဲ့ပြီး ဆောင်ရွက်ရမည့် ကိစ္စတွေ အတွက်လည်း
အသေးစိတ်လေ့လာ ပြင်ဆင်ခဲ့ပြီးပြီ။ ကျမ်းမာရေးစစ်ဆေးခဲ့ရာမှလည် ကြံ့ခိုင် သန်စွမ်းမှု အပြည့်အ၀ရှိကြောင်း သိရပြီးပြီ။အာကာသယာဉ်ကို သယ်ဆောင်သွားမည့်
ဒုံးပျံနှင့် လဆင်းယာဉ်တို့သည်လည်း အပြစ်အနာအဆာမရှိ၊
အားလုံးပုံမှန်အလုပ်လုပ်နိုင်ကြောင်း စစ်ဆေးပြီးပြီး။သူနှင့်တကွ အတူလိုက်ပါကြမည့် အာကာသယာဉ်မှူးအားလုံးလည်း အစစအရာရာအဆင့်သင့်ဖြစ်နေကြပြီ။ဒီခရီးစဉ်သည်
ရာနှုန်းပြည့်အောင်မြင် လိမ့်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်နေကြသည်။
သို့ရာတွင် ဒီခရီးစဉ်အပေါ် သံသယမကင်းဖြစ်နေသူက ယူရီဂလင်း၏ဇနီးပင်ဖြစ်၏။ ခုတလော အိပ်မက်တွေသိပ်မကောင်းလှ။မနေ့ညက
အိပ်မက်ထဲတွင် လငပုတ်ဖမ်းပုံကို မြင်မက်ခဲ့သည်။ အတတ်နိမိတ်တွေကလည်း ပြပြနေသည်။ အိမ်မှာ ပစ္စည်းအကျိုးအပဲ့ အကွဲအရှများသည်။မောတော်ကားပျက်သည်။
ဒီတစ်ခေါက်သူ့ယောက်ျား ခရီးထွက်ရမည့် ကိစ္စနှင့်ပတ်သက်ပြီးစိုးရိမ်းမကင်းဖြစ်နေမိ၏။
ထို့ကြောင့် နက္ခတ္တဗေဒဆရာကြီး နော်စထရာဒေမတ်စ်ထံ သွားပြီး သူ့ယောက်ျား၏ ဇာတာကိုစစ်ဆေးခိုင်းသည်ဒ ဆရာကြီးက
သူ၏ လက်စွဲဝေဒကျမ်းနှင့် တိုက်ဆိုင်ညှိနှိုင်းပြီးနောက်' အိမ်း...ဇာတာရှင်ရဲ့မွေးနာမ်ဂြိုလ်က ဗျာရအိမ်ထဲကျနေတဲ့အတွက် အနှောက်အယှက်တွေရှိနေမယ် အဲဒါကြောင့်
ယတြာတစ်ခုလုပ်ရမယ့်။
"ဟုတ်ကဲ့လုပ်ပါမယ် ဘာလုပ်ရမည်ဆိုတာပြောပါ။"
"အင်း လုပ်မယ့်ပစ္စည်းက အတော်ရှားပါးတယ်။ လွယ်လွယ်ကူရှာလို့ရမှာတော့ မဟုတ်ဘူး။ အဲလို ခဲခဲယဉ်းယဉ်းရှာရတဲ့ပစ္စည်းမှ အစွမ်းထက်မှာကိုး"
"ဟုတ်ကဲ့ ဘာပစ္စည်းလည်းဆိုတာသာ ပြောပါ ဘယ်လောက်ခက်ခက်ရှာပါ့မယ်။"
"တခြားတော့မဟုတ်ပါဘူးကွယ်။ ကြော်ငြာလုံးဝမပါတဲ့ ဂျာနယ်တစ်စောင်ကို ရအောင်ရှာရမှာကွယ့်"
အမျိုးသမီး၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ကျသွားပုံကို အထင်းသားမြင်လိုက်ရသည်။
မော်ဒန်စာပေသမားများကို ဆုံးမရန်ဆိုသောရည်ရွယ်ချက်ဖြင့် ဂန္တ၀င်စာပေသမားများသည် အင်္ဂလန်နိုင်ငံရှိ
'စထရက်ဖို့ဒ်အွန်အဗွန်' သို့စုဝေးရောက်ရှိနေကြသည်။ ဒီနေရာကိုရွေးရတာက အကြာင်းရှိ၏။ 'စထရက်ဖို့ဒ် တွင်
ကမ္ဘာကျော် ဂန္တ၀င်စာရေးဆရာကြီး ရှိတ်စပီးယား နေထိုင်သောကြောင့်ဖြစ်သည်။
ရှိတ်စပီးယားဆိုလျှင်တော့ မော်ဒန်ကောင်တွေကို ကောင်းကောင်းပညာပေးနိုင်လမ့်မည်ဟုယူဆကြသည်။
ထို့ကြောင့် သူ့ကို လာရှာကြခြင်းဖြစ်၏။ သို့ရာတွင် ရှိတ်စပီးယားသည် ဂန္တ၀င်နှင့် မော်ဒန် နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးပွဲ တက်ရောက်ရန် ပြင်သစ်ပြည် ပါရီမြို့သို့ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် တွေ့ခွင့် မရကြတော့ပေ။

မင်းလူ

0 comments:

Post a Comment