Powered by Blog - Widget

Monday, September 15, 2014

Chrome OS တွင် အသုံးပြုနိုင်မည့် Android app လေးခု ထွက်ပေါ်လာ



Aung Ko Htet (MM IT Knowledge)

Chrome OS ပေါ်တွင် mouse, keyboard တို့ဖြင့် အသုံးပြုနိုင်မည့် Android app လေးခုထွက်ပေါ် လာခဲ့သည်။ အဆိုပါ Android app လေးခုမှာ Vine, Evernote, Duolingo နှင့် Sight Words တို့ဖြစ်သည်။ Duolingo သည် ဘာသာစကား သင်ကြားပေးမည့် app ဖြစ်ပြီး Sight Words ကမူ ကလေးငယ်များကို စာသင်ကြားနိုင်မည့် app ဖြစ်သည်။ အဆိုပါ app လေးခုကို Chrome Web Store  မှတစ်ဆင့်ရယူ အသုံးပြုနိုင်သည်။

Chrome OS ပေါ်တွင် Android app များ အသုံးပြုနိုင်မည့် အထက်ပါ ခြေလှမ်းသစ်နှင့် ပတ်သက်၍ Chrome နှင့် Android အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက ဇွန်လတွင်ထုတ်ဖော် ပြောကြားခဲ့သည်။ နောက်လာမည့်လအနည်း ငယ်အတွင်း Chrome OS ပေါ်တွင်သုံးနိုင်မည့် app များကိုထပ်မံ ဖြန့်ချိသွားမည်ဖြစ်ပြီး ကနဦးဖြန့်ချိမည့် app များနှင့် ပတ်သက်၍ အကြံပြုချက်များ ရယူနေကြောင်း Google မှပြောကြားခဲ့သည်။

Android  app  များကို  Google ပေါ်တွင် အသုံးပြုနိုင်မည့် သတင်းများသည် ဈေးသက်သာသည့် laptop ဈေးကွက်ရှိ Chromebook များနှင့် လက်ရှိ Chromebook သုံးစွဲသူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပြီး မကြာမီကာလအတွင်း Chromebook ကို app အများအပြားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

-နောင်နောင်

Ref: TheVerge

0 comments:

Post a Comment