Powered by Blog - Widget

Sunday, September 14, 2014

ဖေ့စ်ဘွတ်ခ်မှာ ဗိုလ်စွဲနေတဲ့ စိုင်းစိုင်းခမ်းလှိုင်



Aung Ko Htet (MM IT Knowledge)

ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ like လုပ်သူအရေ အတွက်အများဆုံးအနုပညာရှင် များစာရင်းတွင် ပထမနေရာရရှိနေသောကြောင့် ကြည်နူးဝမ်းသာ သလို ပရိသတ်များကိုလည်းကျေး ဇူးတင်ကြောင်း စိုင်းစိုင်းခမ်းလှိုင် က ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  ရေးသားထားသည်။
ယင်းစာရင်းမှာ မြန်မာနိုင်ငံ တွင်းမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ၏ like ပြုလုပ်ထားသည့်အရေ အတွက်စာရင်းကို ညွှန်ပြသည့်စာရင်းဖြစ်သည်။ ပြည်တွင်းမှအနုပညာရှင်များသာမက ကမ္ဘာ ကျော်အနုပညာရှင်များဖြစ်သည့် ဂျနီဖာလိုပက်ဇ်၊ တေလာဆွဇ်၊ ဂျက်ကီချန်း၊ ဂျပ်စတင်ဘီဘာတို့ ပါဝင်သလို နာမည်ကျော်ကေပေါ့ပ်အဖွဲ့များဖြစ်သည့် OneDirection, 2NE1 အဖွဲ့တို့လည်းပါဝင်ကာ ကိုရီးယားသရုပ်ဆောင်လီမင်ဟိုလည်းပါဝင်သည်။

ပြည်ပအနုပညာရှင်များ၏ Fan အရေအတွက်များမှာ သန်း နှင့်ချီသော်လည်း ပြည်တွင်းပရိ သတ်များ like လုပ်ထားသည့် အရေအတွက်မှာ နည်းသောကြောင့် စိုင်းစိုင်းခမ်းလှိုင်က ပထမနေရာတွင် ရပ်တည်နေသည်။
ယင်းအနုပညာရှင်များတွင် စိုင်းစိုင်းခမ်းလှိုင်က  ပြည်တွင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ like အရေအတွက်ငါးသိန်းကျော်ရရှိ ကာ ပရိသတ် like အများဆုံးရရှိ သည့် အနုပညာရှင်အဖြစ် ရပ် တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းစာရင်းတွင် မြန်မာနိုင် ငံမှ အနုပညာရှင်များဖြစ်သည့် ကျော်သူ၊ သက်မွန်မြင့်တို့လည်း ပါဝင်ခဲ့ပြီး Fan Page တွင် like အရေအတွက် ခုနစ်သိန်းကျော် ရရှိထားသော ဝတ်မှုန်ရွှေရည်မှာ အများဆုံးရရှိထားသည့်အနုပညာရှင်စာရင်းတွင်မပါဝင်ခဲ့ပေ။

0 comments:

Post a Comment