Powered by Blog - Widget

Wednesday, September 10, 2014

Widgets များကို လွယ်ကူလျှင်မြန်စွာ အသုံးပြုလို့ရစေမယ့် Flippr




Aung Ko Htet (MM IT Knowledge)
 
Widgets များဟာ App ကိုဖွင့်စရာမလိုဘဲ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်၊ တုန့်ပြန်နိုင်တဲ့အတွက် အသုံးဝင်ကြပါတယ်။ ဒါပေမယ့် App တစ်ခုကို သုံးနေရင်းကနေ Widgets ကို သုံးချင်ရင် ဒါမှမဟုတ် ဘယ် စကရင်ကို ရောက်နေသည်ဖြစ်စေ Widgets များကို သုံးချင်ရင် Home Button ကိုနှိပ်၊ Widget ကိုလိုက်ရှာ သုံးရပါတယ်။ Flippr ဆိုတဲ့ Android App က ဖုန်းမျက်နှာပြင်မှာ Floating Icon အသေးလေးကို ပြပေးမှာ ဖြစ်ပြီး အိုင်ကွန်ကို နှိပ်ခြင်းဖြင့် Widget များကို လွယ်ကူလျှင်မြန်စွာ အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။ အခြား App တစ်ခုကို သုံးနေရင်းကနေ Widget များကို လွယ်ကူစွာ သုံးနိုင်မှာ ဖြစ်သလို Widget ကိုပိတ်ပြီး သုံးလက်စ App ကိုဆက်လက်သုံးနိုင်မှာ ဖြစ်ပါတယ်။
Flippr က Widgets များကို Group များစွာနဲ့ ခွဲခြားပေးနိုင်ပါတယ်။ App ကိုဖွင့်ပြီးရင် ပထမဆုံး အနေနဲ့ Group တစ်ခုပြုလုပ်ရမှာပါ။ ညာဘက် အပေါ်ထောင့်က Plus Button ကိုနှိပ်ပြီး Group နာမည်ပေးပါ။ Ok နှိပ်ပါ။ Widgets အမျိုးအစားအပေါ်မူတည်ပြီး Group နာမည်ပေးရမှာ ဖြစ်ပါတယ်။ နာမည်ပေးပြီးရင် ညာဘက်မှ စက်သွားပုံကိုနှိပ်ရင် သင့်ဖုန်းမှာ ရှိတဲ့ Widget အားလုံးကို ပြပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ Widget များကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် အပေါ်က Play Button ကိုနှိပ်ပါ။


ဒါဆိုရင် Notification Bar မှာ Flippr အလုပ်လုပ်နေပြီ ဖြစ်ကြောင်း Notification တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ Notification ကနေ Stop Flippr ကိုနှိပ်ပြီး Flippr အလုပ်လုပ်နေတာကို ပိတ်နိုင်ပါတယ်။ Flippr အလုပ်လုပ်နေရင် ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘယ်မှာ အပြောရောင် စက်ဝိုင်းခြမ်းကို တွေ့မြင်ရမှာပါ။ အဲဒါကို တစ်ချက်ထိပြီး ညာဘက်ကို ပွတ်ဆွဲလိုက်ရင် သင်ပြုလုပ်ထားတဲ့ Widget အုပ်စုများကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။

App ရဲ့ Preference ထဲမှာ Boot တက်ချိန်မှာ Flippr ကို Run စေချင်ရင် Enable flippr on boot မှာ အမှန်ခြစ်ပေးပါ။ Flippr အလုပ်လုပ်နေစဉ်မှာ Notification Bar မှာ အချက်ပြနေစေချင်ရင် Ongoing notification မှာ အမှန်ခြစ်ပေးပါ။ Widgets များဟာ သင့်ဖုန်းရဲ့ မျက်နှာပြင်နဲ့ အံဝင်ခွင်ကျမရှိရင် Rows နဲ့ Column အရေအတွက်များကို ပြင်ဆင် သတ်မှတ်နိုင်ပါတယ်။ Floating Bubble ရဲ့ နေရာကို Marker position မှာ ပြောင်းရွှေ့နိုင်ပါတယ်။ Marker side မှာတော့ Default အားဖြင့် ဘယ်ဘက်မှာ ပြသပေးတဲ့ Floating Bubble ကို ညာဘက်ပြောင်းနိုင်ပါတယ်။ Marker size နဲ့ Transparency မှာ အရွယ်အစားနဲ့ ဖောက်ထွင်းမြင်ရမှုကို ချိန်ညှိနိုင်ပါတယ်။


Flippr ကို Android 4.0.3 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ Flippr က သင့်ဖုန်းထုတ်လုပ်သူက နဂိုထည့်သွင်းပေးလိုက်တဲ့ Widget များနဲ့ အလုပ်မလုပ်ပါဘူး။ 




အောက်က link ကို နှိပ်ပြီး download ရယူနိုင်ပါပြီ..


http://goo.gl/AigWl3


credit to MDL

0 comments:

Post a Comment