Powered by Blog - Widget

Wednesday, September 17, 2014

iOS 8 အတွက် အသင့်ပြင်ဆင်ရန်..



Aung Ko Htet (MM IT Knowledge)

iOS 8 ကို မနက်ဖန် Sep 17 မှာ တရားဝင်ထုတ်ပေးတော့မှာ ဖြစ်လို့ ရင်ခုန်စရာ ကောင်းနေပါပြီ။ အသစ်စက်စက် iOS အတွက် ကျွန်တော်တို့ဘက်ကရော အဆင်သင့် ဖြစ်နေကြပါပြီလား..?

iOS 8 ကို မသွင်းယူမီ ပြင်ဆင်ထားသင့်သည့် အချက်အချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်..

ပထမဦးစွာ မိမိရဲ့ iDevice ဟာ iOS 8 ကို သွင်းယူနိုင်မယ့် Device လားဆိုတာ သိရှိထားရပါမယ်၊ ပြီးနောက် iTunes, iCloud တို့ကို အသုံးပြုပြီး BackUp လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
BackUp လုပ်ထားခြင်းဖြင့် iDevice အသစ်တွေဖြစ်တဲ့ iPhone 6, 6 Plus တို့ကို ပြောင်းလဲ အသုံးပြုမယ် ဆိုရင်တောင် မိမိရဲ့ Data, App, Contacts စတာတွေကို အလွယ်တစ်ကူပဲ ရွေ့ပြောင်းနိုင်ဖို့ အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။

**iOS 8 သွင်းယူနိုင်မည့် iDevice များ**

- iPhone 4s နှင့် အထက်
- iPad 2 နှင့် အထက်
- iPad Mini များအားလုံး
- iPodTouch 5G (fifth generation)


**BackUp**

BackUp ပြုလုပ်ရာတွင် App များ အားလုံးကို backup လုပ်စရာမလိုပါ။ BackUp မလုပ်မီ မိမိအသုံးမပြုသည့် App များ(နောင်တွင်လည်း မသုံးတော့မည့်) သွင်းယူထားပါက App icon ကို long-press ဖိ၍ (X) နှိပ်ကာ အရင် ဖျက်ပစ်နိုင်ပါတယ်။


အထူးသဖြင့် storage size နေရာ ကြီးကြီးမားမား ယူထားပြီး မိမိလည်း မသုံးဖြစ်သည့် App မျိုးကို iDevice ၏ ( Settings -> General -> Usage -> Show All Apps ) တွင် စစ်ဆေးနိုင်ပါတယ်။

BackUp ပြုလုပ်ရာတွင် iTunes, iCloud နှစ်မျိုးစလုံးနှင့် backup ပြုလုပ်နိုင်သော်လည်း PC နင့် ချိပ်ဆက်ကာ iTunes နှင့် အားလုံးကို BackUp ပြုလုပ်ခြင်းက ပိုမို လျှင်မြန် လွယ်ကူစေပါသည်။

iCloud နှင့် BackUp ပြုလုပ်မည် ဆိုပါက Settings -> iCloud -> Storage & Backup ကို ON ထားပေးရမှာ ဖြစ်ပြီး WiFi connection ရှိဖို့ လိုအပ်ပါတယ်။
မိမိ Backup ပြုလုပ်လိုသည့် Mail, Contacts, Calendars, Photo, Note အစရှိသည်တို့ကို iCloud ၏ setting တွင် ON ထားပေးရပါမည်။ Data များနေပါက Storage size လဲ ပိုမိုလိုအပ်မှာ ဖြစ်ပါတယ်။


အကြံပြုလိုသည်က Notes, Mails, Safari, Contacts အစရှိသော Storage နေရာ အများကြီး မယူသည့် အရာများကိုသာ iCloud တွင် သိမ်းဆည်းပြီး အခြားအရာများကို iTunes အသုံးပြု၍ BackUp ပြုလုပ်ပါ။
iTunes တွင် backup ပြုလုပ်ရန် iDevice ကို PC နှင့် ချိပ်ဆက်၍ iTunes တက်လာသည့်အခါ မိမိ iDevice ကို select ပေးပြီး 'Automatically Back Up' တွင် "This Computer" ကိုရွေးပြီး "BackUp Now" button ကို နှိပ်ပေးပါ။


"Photos" များကို Backup ပြုလုပ်ရန် အလွယ်ဆုံးနည်းလမ်းမှာ iDevice ကို PC နှင့် ချိပ်ဆက်သည့် အခါ 'External New Drive' အနေနှင့် 'My Computer' တွင် တွေ့ရှိရပြီး ဆက်တိုက် ဖွင့်သွားပါက Photos များ သိမ်းဆည်းထားသော Folder ကို မြင်တွေ့ရပါလိမ့်မည်။ 'Copy' 'Paste' နှင့် နှစ်သက်ရာ နေရာမှာ သိမ်းထားနိုင်ပါသည်။

အခြားအရာများကို Manual backup ပြုလုပ်ပေးနိုင်သော "iTunes Go" ကဲ့သို့သော third-party software များကိုလည်း အသုံးပြုနိုင်ပါသေးသည်။

**iOS 8 with Myanmar Font**

iOS 8 အတွက် သတင်းကောင်း တစ်ခုမှာ Jaibreak ပြုလုပ်ရန် မလိုအပ်ပဲ မြန်မာစာကို ရေးနိုင် ဖတ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

iOS အတွက် မြန်မာစာ စနစ်ကို အမြဲအသက်သွင်းပေးနေသည့် Developer တစ်ဦးဖြစ်သူ ကိုစေတန် က iOS 8 အတွက် မြန်မာစာကီးဘုတ်ကို ရေးသားထားပြီး App အဖြစ် အတည်ပြုချက်ကို Apple ထံမှ စောင့်စားနေဆဲ ဖြစ်ပါသည်။
အတည်ပြုပြီးပါက App အဖြစ်နှင့် AppStore တွင် ရယူနိုင်မည်ဖြစ်ပြီး Jailbreak လုပ်ရန်မလိုပဲ မြန်မာစာကို အသုံးပြုနိုင်ပါလိမ့်မည်။





Photo Credit to : saturngod, Rob LeFebvre

0 comments:

Post a Comment