Powered by Blog - Widget

Monday, September 8, 2014

Apple iWatch တွင် Third-Party App အထောက်အပံ့ ပါဝင်လာမည်ဟုဆို



Aung Ko Htet (MM IT Knowledge)

စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည့် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွင် iPhone 6 နှင့်အတူ iWatch စမတ်နာရီကို မိတ်ဆက်ပေးဖွယ်ရှိပြီး iOS platform အသုံးပြု အဆိုပါ ထုတ်ကုန်တွင် App Store မှ app များအပြင် third-party developer များ ဖန်တီးထားသည့် application များကိုပါ အသုံးပြုနိုင်ဖွယ်ရှိကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။

9to5Mac ၏ အဆိုအရ app developer များသည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များအတွက် Apple ၏ Software Development Kit (SDK) ကို လက်ခံရရှိထားပြီး ဖြစ်ကြောင်းနှင့် iWatch အတွက် ဖန်တီးထားသည့် third-party application များကို Apple က စက်တင်ဘာ ၉ ရက် ပွဲတွင် ပြသဖွယ်ရှိကြောင်း သိရသည်။

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီသည် iWatch တွင် third-party application များ ထောက်ပံ့ပေးရန် စီစဉ်ထားခြင်းကြောင့် လာမည့်နှစ်မှသာ ရောင်းချဖွယ်ရှိသည်။

အကယ်၍ third-party app အထောက်အပံ့ တရားဝင် ဖြစ်လာခဲ့ပါက iWatch သည် Samsung Gear Live, LG Watch, Moto 360 စမတ်နာရီများကဲ့သို့သော ထုတ်ကုန်များဖြင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

Apple iWatch တွင် Near Field Communication (NFC) နည်းပညာနှင့်အတူ ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည့် feature ပါဝင်လာဖွယ်ရှိသည့်အပြင် သုံးစွဲသူများ၏ ကျန်းမာရေးကို ခြေရာခံပေးနိုင်မည့် HealthKit package ဖြင့်လည်း အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref: IBTimes

0 comments:

Post a Comment