Powered by Blog - Widget

Wednesday, September 10, 2014

ဖိုင်အမျိုးအစားအားလုံးကို ဖွက်ထားပေးမယ့် Andrognito (No Root)



Aung Ko Htet (MM IT Knowledge)
 
သင့်ရဲ့ ဖုန်းမှာ သူများ မမြင်စေချင်တဲ့ ဖိုင်များ၊ ဓါတ်ပုံများနဲ့ ဗီဒီယိုများသာမက App များကိုပါ ဖွက်ထားချင်ရင် Andrognito ဆိုတဲ့ Android App အသစ်ကို အသုံးပြုနိုင်ပါတယ်။ App ရဲ့ ထူးခြားချက်က Flat UI ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ App ကို အသုံးပြုဖို့ ဖုန်းကို Root လုပ်ထားစရာမလိုတဲ့ အချက်က သူလို App များထက် အားသာချက်ပါ။
App ကို ပထမဆုံး အနေနဲ့ ဖွင့်ရင် သင့်နာမည်နဲ့ ဂဏန်းလေးလုံး ပါတဲ့ PIN Number ကို သတ်မှတ်ပေးရမှာပါ။ PIN Number ကို သေချာမှတ်ထားပါ။ PIN Number ကို ရိုက်ထည့်မှသာ သင်ဖွက်ထားတဲ့ ဖိုင်များကို ပြန်လည် ရယူနိုင်မှာပါ။ ပြီးရင် Register ကိုနှိပ်ပါ။
ဖိုင်များကို ဖွက်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ အပေါင်း ခလုတ်ကိုနှိပ်ပါ။ အဲဒီနောက်မှာ App ရဲ့ File Browser ပေါ်လာမှာ ဖြစ်ပြီး သင့်ဖုန်းမှ ဖိုင်၊ ဖိုဒါများကို ပြသပေးမှာ ဖြစ်ပါတယ်။ ဖွက်ချင်တဲ့ ဖိုင်များကို တစ်ပြိုင်နက်ရွေးချယ်နိုင်ပါတယ်။
ဘယ်ဘက်အပေါ်ထောင့်မှ App Icon ကိုနှိပ်ရင် ဘယ်ဘက်မှ Side Bar တစ်ခုပေါ်လာမှာ ဖြစ်ပြီး Audio, img, pdf, vid, zip စသဖြင့် ကဏ္ဍများအလိုက် ဖွက်ထားတဲ့ ဖိုင်များကို သိမ်းပေးထားတဲ့အတွက် ရှာဖွေရလွယ်ကူပါတယ်။ All Files မှာတော့ ဖွက်ထားတဲ့ဖိုင်အားလုံးကို တွေ့နိုင်ပါတယ်။


ဖိုင်တစ်ခုကို Unhide လုပ်ဖို့အတွက် ဖိုင်ကို ရွေးချယ်ပြီး သော့ခလောက်ပွင့်နေတဲ့ ပုံကို နှိပ်ပေးရမှာပါ။ ကြယ်ပုံခလုတ်က အရေးကြီးဖိုင်များကို Favorite မှာ မှတ်ထားပေးတာ ဖြစ်ပါတယ်။ PIN Number မေ့သွားရင် သင့်ဖိုင်များကို ပြန်လည်ရရှိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက Security Question သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Register လုပ်ပြီးတာနဲ့ မေးခွန်းကို သတ်မှတ်ပေးသင့်ပါတယ်။ Security Question ကို သတ်မှတ်ဖို့ Settings ထဲသွားပါ။
Stealth Mode ကို Enable လုပ်ရင် PIN နောက်တစ်ခု ပြုလုပ်ရမှာပါ။ သင့်သူငယ်ချင်းက App ရဲ့ PIN ကို တောင်းဆိုခဲ့ရင် Stealth Mode ရဲ့ PIN ကို ပေးရမှာဖြစ်ပါတယ်။ သူငယ်ချင်းက PIN နဲ့ ဖွင့်ကြည့်ရင် ဖိုင်အတုများကိုသာ တွေ့မြင်စေဖို့ လှည့်စားထားတာဖြစ်ပါတယ်။

အချုပ်အားဖြင့် App ရဲ့ ဒီဇိုင်းက ခေတ်ပေါ် Modern UI ဖြစ်ပြီး ဖုန်းကို Root လုပ်စရာမလိုတာက ထူးခြားချက်ပါ။ ဖိုင်အမျိုးအစားအားလုံးကို ဖွက်နိုင်တဲ့အတွက် ကောင်းမွန်ပြည့်စုံပါတယ်။ Andrognito ကို Android 4.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။


အောက်က Link ကို နှိပ်ပြီး ဒေါင်း လုပ်ရယူနိုင်ပါတယ်။ 

http://goo.gl/CEZQeR


credti to MDL

0 comments:

Post a Comment