Powered by Blog - Widget

Monday, September 8, 2014

Motorola က ၅.၂ လက်မမျက်နှာပြင် တပ်ဆင်ထားသော အဆင့်မြှင့်ထားသည့် Moto X ကို ကြေညာ



Aung Ko Htet (MM IT Knowledge)


Motorola က Specification များအဆင့်မြှင့်ထားသော Moto X စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။

အလူမီနီယမ်ကိုယ်ထည်နှင့် သားရေ အနောက်ဘက် ကာဗာကြောင့် အရည်အသွေးမြင့် စမတ်ဖုန်း ဒီဇိုင်းဖြစ်ပါသည်။ ယခင်ရောင်းချခဲ့သော သစ်သား အနောက်ဘက် ကာဗာကိုလည်း ရွေးချယ်နိုင်ပါသည်။
ယခင်မျိုးဆက်ကဲ့သို့ပင် Moto X အသစ်ကို Moto Maker Website တွင် Customize ပြုလုပ်နိုင်ပါသည်။

Moto X အသစ်တွင် 2.5GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 801 Chipset တပ်ဆင်ထားပါသည်။ Adreno 330 GPU, 2GB RAM ပါရှိပါသည်။ 16 or 32GB Internal Storage ရွေးချယ်နိုင်သော်လည်း MicroSD Card အသုံးပြု၍မရဟု သိရပါသည်။
၅.၂ လက်မ 1080p Full HD AMOLED Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၃ ဖြစ်ပါသည်။ Corning Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် Dual-LED တပ်ဆင်ထားပြီး 4K Video များရိုက်ကူးနိုင်ပါသည်။
အရွယ်အစားအပြည့်အစုံမှာ 72.4mm x 140.8mm x 3.8-9.9mm ဖြစ်ပြီး အလေးချိန်မှာ ၁၄၄ ဂရမ် ဖြစ်ပါသည်။ 2300mAh Battery ကို အသေတပ်ထားပါသည်။

Android 4.4.4 KitKat ကို အသုံးပြုထားပြီး Motorola ၏ စွမ်းဆောင်ချက်များ ပါရှိပါသည်။ အသံဖြင့် အမိန့်ပေးစနစ်ကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ထားပြီး စမတ်ဖုန်း အရှေ့တွင် တပ်ဆင်ထားသော IR Sensor ကို ထိန်းချုပ်နိုင်သော Gesture များပါရှိပါသည်။

အမေရိကန်၊ မက္ကဆီကို၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် အပါအ၀င် အခြားနိုင်ငံများတွင် ယခုလနောက်ပိုင်းတွင် ရောင်းချမည် ဖြစ်သည်။ ၉၉.၉၉ ကျသင့်ပြီး နှစ်နှစ်စာချုပ်ဖြင့် AT&T, Verizon တို့မှ ၀ယ်ယူနိုင်ပါသည်။ အလွတ်ဝယ်ယူလျှင် ၄၉၉.၉၉ ကျသင့်မည် ဖြစ်သည်။

Motorola က Moto Hint ဟု အမည်ရသော Bluetooth Headset ကိုလည်း ကြေညာလိုက်ပါသည်။ Headset မှ တစ်ဆင့် စမတ်ဖုန်းကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။ အမေရိကန်တွင် ဒေါ်လာ ၁၄၉.၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး အခြားနိုင်ငံများတွင် နောက်ပိုင်းတွင် ရောင်းချမည်ဟု သိရပါသည်။


credit to Myanmar Digital Life

0 comments:

Post a Comment