Powered by Blog - Widget

Wednesday, September 17, 2014

iPHONE 6 မှာ Sapphire Display မပါလာတာ ဘာကြောင့်လဲ..?



Aung Ko Htet (MM IT Knowledge)

Apple Event 2014 ကတော့ ပြီးသွားခဲ့ပါပြီ iPhone model အသစ်နှစ်မျိုးနဲ့ iWatch, iOS 8 တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်..

ဒါပေမယ့် စိတ်ပျက်စရာ ကောင်းခဲ့ရတဲ့ ကိစ္စတစ်ခုကတော့ ခိုင်လုံတဲ့ သတင်းများနဲ့အတူ ရှေ့ပြေးသတင်း ဖြစ်ခဲ့ရတဲ့ iPhone 6 အတွက် Sapphire screen အကြောင်းကိုတော့ လုံးဝ မိတ်ဆက်ပေးသွားခြင်း မရှိခဲ့တာပါ...

Apple ရဲ့ ကုန်ပစ္စည်းအသစ် iWatch မျက်နှာပြင်အဖြစ် Sapphire ကို အသုံးပြုထားခဲ့ပြီး iPhone 6, 6 plus မှာတော့ Sapphire display အကြောင်းကို ဘာကြောင့် ပြောမသွားခဲ့ရပါသလဲ..?



ထုတ်လုပ်မှုအပိုင်းရဲ့ နောက်ဆုံးမိနစ် ရောက်တော့မှ ပြဿနာ ဖြစ်ခဲ့ရတာကြောင့် iPhone 6 မှာ Sapphire screen ကို မတပ်ဆင်နိုင်ခဲ့တာဟု သတင်းရင်းမြစ် တစ်ခုက ဆိုပါတယ်။

"ဒီပွဲ မပြုလုပ်မီ လွန်ခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်ကအထိ iPhone 6 မှာ Sapphire cover တပ်ဆင်ဖို့ စီစဉ်ထားခဲ့ပါတယ်"
ဟု Apple ၏ ထုတ်ကုန်များကို အနီးကပ်ကြီးကြပ်နေသော PTT Research Sapphire ကျွမ်းကျင်သူ အကြီးအကဲ တစ်ဦးဖြစ်သည့် 'Matt Margolis' က ပြောပါတယ်။

သူကပဲ ဆက်လက်၍...

"Sapphire ရဲ့အစွန်းပိုင်းတွေကို ကွေးညွတ်ပုံသွင်းတဲ့ နောက်ဆုံးအပိုင်းကို ရောက်တဲ့အခါမှာ ပြဿနာဖြစ်လာပြီး ၂၅% (သို့) ထက်လျှော့နည်းတဲ အနေအထားလောက်ပဲ လုပ်နိုင်သေးတဲ့ အတွက် ဖြစ်ပါတယ်"

iPhone အသစ်အတွက်ကို ရည်ရွယ်ပြီး Sapphire အမြောက်အများ ထုပ်လုပ်နိုင်ဖို့ Apple က GT Advance Technoligies နဲ့ ပူပေါင်းကာ Arizona ပြည်နယ် Masa မှာ Sapphire စက်ရုံ အကြီးစားကြီး တစ်ခုကို မနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။

iPhone 6 Sapphire display ရဲ့ အကြမ်းခံနိုင်အားကို ဓါးနဲ့ခြစ်ပြီး လက်တွေ့ပြသထားတဲ့ YouTube video ကြောင့် တစ်ကမ္ဘာလုံးက အကြမ်းခံနိုင်တဲ့ iPhone ကို စိတ်ဝင်စားနေကြပါတယ်။
iPhone 6 မှာ စားသုံးသူတွေ ပိုမို တောင့်တနေတာက Sapphire display ဖြစ်ကြောင်း စစ်တမ်းကောက်ချက်အရ သိရှိရပါတယ်။

ကမ္ဘာအရပ်ရပ်က Suppliers များကလည်း iPhone 6 ကို Sapphire display နဲ့ ဦးဆောင်ပြီး Apple Event မှာ ပြသလာလိမ့်မယ်လို့ ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့ကြတာပါ။

လွန်ခဲ့တဲ့ လလောက်က GT ကုမ္ပဏီက Sapphire အမြောက်အများကို Biel နှင့် Lens ကုမ္ပဏီ နှစ်ခုဆီကို iPhone screen အတွက် အချောသတ်ဖို့ ပေးပို့ခဲ့ပြီး ကုမ္ပဏီနှစ်ခုလုံးက iPhone camera leans နဲ့ Touch ID sensor အတွက်တော့ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါ ပြဿနာဟာ GT ဘက်ကကြောင့် မဟုတ်ပဲ အချောသပ် လုပ်ကိုင်တဲ့ နေရာမှာ ဖြစ်တာလို့ Margolis က ပြောပါတယ်။ နောက်တစ်ခုက အခုပြဿနာကို အဖြေရှာနိုင်သည့်တိုင်အောင် Apple အနေနဲ့ Sapphire display iPhone တွေ ထုတ်ပါဦးမလားလို့ ကြည့်ရဦးမှာ ဖြစ်ပါတယ်။

"GT အနေနဲ့ကတော့ လူအင်အားသုံးပြီး Sapphire တွေကို Mesa ကနေ ထုတ်နိုင်သမျှ အများကြီး ဆက်လက် ထုတ်ပေးသွားမှာပါ" ဟု ပြောပါတယ်။

"Apple ရဲ့ iWatch အတွက်က အခြေအနေကောင်းပါတယ်။ Arizona စက်ရုံက ထုတ်တဲ့ sapphire တွေဟာ ၂၀၁၅ ခုနှစ်စပိုင်းမှာ လာမယ့် Apple Watches အလုံး သန်း ၆၀ အတွက်ကို လုံလုံလောက်လောက်ကြီး ထုတ်ပေးနိုင်ပါတယ်" လို့ Margolis က ပြောကြားသွားပါတယ်။


Credit to : Alex Heath
 

0 comments:

Post a Comment